ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်

 

 

ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်

(၁၆-၁-၂၀၂၄)

၁။      တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ဖြိုချ ဖျက်ဆီးခြင်းများလုပ်ဆောင်နေကြောင်းသိရှိရပါသည်။

၂။       ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုသည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုကို စော်ကားသောလုပ်ရပ်ဖြစ်သောကြောင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီက အကြမ်းဖက် သောင်းကျန်း သူများကို ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

 

ပိန္နဲကုန်းရခိုင်ဂျာမေဗလီ