ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အဖွဲ့အားလုံးပါဝင်မှသာ စတင်နိုင်မည်ဖြစ်
ဂျကာတာ၊ နိုင်ငံရေး
ယူကရိန်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပဋိပက္ခတွင်ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပါဝင်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယူကရိန်းအရေးအတွက် ငြိမ်းချမ်းမှုရှိသော ဆုံးဖြတ်ချက်ရရှိနိုင်ရန် ပါဝင်သွား မည်ဖြစ်ကြောင်း၊ အလားတူ ဆွစ်ဇာလန်နိုင်ငံ၏ ဆောင်ရွက်ချက်လည်း ပါဝင်မည်ဖြစ်ကြောင်း ယခု သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ၌ကျင်းပမည့် ညီလာခံမတိုင်မီ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါညီလာခံသို့ သံအမတ်ကြီးအဆင့် ရှိသူများတက်ရောက်မည်ဖြစ်ပြီး အင်ဒိုနီးရှား သံအမတ်က နိုင်ငံခြားရေးဝန်ကြီးကိုယ်စား တက်ရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆိုမီရတ်ကပြောသည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက်ကိုသာ အစဉ်အမြဲထောက်ခံအားပေးကြောင်း ၎င်းကဆက်ပြောသည်။
ဆွစ်ဇာလန်နိုင်ငံက ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ယူကရိန်းအရေး အဆင့်မြင့်ညီလာခံကို ကျင်းပ လျက်ရှိရာ နိုင်ငံများနှင့် အဖွဲ့အစည်းပေါင်း ၉၀ ကျော်မှ ကိုယ်စား လှယ်များက တက်ရောက်သည်။
သို့သော် အဆိုပါ ယူကရိန်းငြိမ်းချမ်းရေးညီလာခံသို့ အဓိကသက်ဆိုင်သူဖြစ်သည့် ရုရှားနိုင်ငံကို ဖိတ်ကြားထားခြင်းမရှိပေ။ အကယ်၍ ရုရှားနိုင်ငံကို ဖိတ်ကြားလာပါကလည်း တက်ရောက်မည် မဟုတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးမှပြောရေးဆိုခွင့်ရှိသူ ဗလာဒီမာခေါ့ကလော့က ဧပြီလတွင် ပြောထားသည်။
Ref: Sputnik