တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်   ၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ်  Foot Valve  ရေပိုက်အဆို့ရှင် (၁၃၄၁) ကီလိုဂရမ်နှင့်    Diesel Generating 55 KVA  မီးစက်(၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၄၃၆၈၅)ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၁၀)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ်  GI Hollow Pipe  ကီလိုဂရမ်  (၅၆၁၃၀)   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၀၁၁၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၇၄၄၇၈၅)ကိုဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းဆုံတွင် လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် အင်းစိန်မြို့နယ်၊ ဗဟိုလမ်းအနီး၌ လိုင်စင်မဲ့ Mini Cooper  မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ စက်မှုဇုန် (၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ အမှတ် (၁၂၀/၁၂၁)၌ တရားမဝင်ကျွန်းသစ် (၁၂ ဒသမ ၅၆၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၅၃၁၄၃)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၅၃၁၄၃)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၃ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ အခြားသစ်(၃ ဒသမ ၀၇၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၉၅၅)နှင့် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၌ တရားမဝင် သစ်ခုတ်ရာတွင် အသုံးပြုသည့် သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၄)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၀၀၀၀)၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၇၉၅၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဇူလိုင်လ ၄ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ(သုည ဒသမ ၂၈၀)တန်၊ အခြားသစ် (သုည ဒသမ ၈၆၆)တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၈၅၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်၌ လိုင်စင်မဲ့ နြတ ဗညဘသ ၁၂၅   မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၉၀၉၇၄၁)ဖြစ်ကြောင်း     တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

Dates: 
Friday, July 5, 2024 - 14:43