ONE Friday Fights-69ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ပေါင်ဆီရီကို စိုးလင်းဦး အလဲထိုးအနိုင်ရ

 

ONE Friday Fights-69ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ပေါင်ဆီရီကို စိုးလင်းဦး အလဲထိုးအနိုင်ရ

 

ရန်ကုန်  ဇူလိုင် ၅

    ONE Friday Fights-69 ပြိုင်ပွဲကို     ဇူလိုင်လ ၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ စိုးလင်းဦးသည် နာမည်ကြီး ထိုင်းမွေထိုင်းဖိုက်တာ ပေါင်ဆီရီကို အလဲထိုး အနိုင်ရရှိခဲ့သည်။

စိုးလင်းဦးသည် ONE  နှင့် လက်တွဲပြီးနောက် ရလဒ်ကောင်းများ ဆက်တိုက်ရရှိထားသူဖြစ်ပြီး ယခုပွဲတွင်လည်း ပွဲကိုနည်းဗျူဟာကျကျ ပြင်ဆင်ကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအချီတွင် ပြိုင်ဘက်ကစားသမား အနေအထားကို လေ့လာခဲ့ပြီး ပထမအချီပြီးခါနီးမှစတင်ကာ တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်သည်။ စိုးလင်းဦးသည်  ယခုပွဲတွင် လက်သီးချက်များကို အဓိကအသုံးပြုခဲ့ပြီး   ဒုတိယအချီ  ၂၉ စက္ကန့်တွင် ပင့်လက်သီးဖြင့် ပေါင်ဆီရီကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။  စိုးလင်းဦးသည် အလဲထိုးအနိုင်ရခဲ့သဖြင့် ONE Championship အမှုဆောင်အရာရှိချုပ် ချက်သရီဆစ်ယိုထောင်း ချီးမြှင့်သည့်အပိုဆုကြေး ဘတ် သုံးသိန်းခွဲရရှိခဲ့သည်။

စိုးလင်းဦးသည် ONE Championship နှင့်လက်တွဲအပြီး ယခုနှစ်အတွင်း သုံးပွဲထိုးသတ်ရာ သုံးပွဲစလုံး အလဲထိုးများဖြင့်အနိုင်ရထားသည်။