ဂျာမနီအသင်းနှင့်ပွဲစဉ်တွင် ရရှိသည့် ဒူးဒဏ်ရာကြောင့် စပိန်အသင်း ကွင်းလယ်ကစားသမား ပက်ဒရီ ယူရို ၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များကို လွဲချော်မည်
ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနှင့် စပိန်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ရရှိသည့် ဒူးဒဏ်ရာကြောင့် စပိန်အသင်း အဓိကကွင်းလယ်ကစားသမား ပက်ဒရီ အသင်းနှင့်အတူ လက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် ၈ မိနစ်တွင် ဂျာမနီအသင်း ဝါရင့်ကွင်းလယ်ကစားသမား တိုနီခရူးစ်၏ ပြင်းထန် သည့်ဖျက်ထုတ်မှုကြောင့် ပက်ဒရီအနေဖြင့် ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် လူစားလဲထွက်ခွာခဲ့ရသည်။
ယူရို ၂၀၂၄ ပြိုင်ပွဲ၌ ပက်ဒရီသည် စပိန်အသင်းကွင်းလယ်ပိုင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး ပွဲစဉ်တိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ကာ ဒူးဒဏ်ရာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များကို လွဲချော် မည်ဖြစ်သောကြောင့် စပိန်အသင်းကွင်းလယ်ပိုင်း အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။
လက်ရှိတွင် ပက်ဒရီ၏ဒဏ်ရာနှင့်ပတ်သက်ပြီး စပိန်အသင်းက သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကာ ဒဏ်ရာမှာပြင်းထန်သည့်အတွက် ကာလအတန်ကြာ အနားယူ ရဖွယ်ရှိနေသည်။
စပိန်အသင်းသည် ဂျာမနီအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ၈၉ နှစ်အတွင်း ဂျာမနီနိုင်ငံ၌ကစားသည့် ပွဲစဉ်များတွင် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
Ref;Fotmob