နေ့ရက်တိုင်းက သိမြင်မှုကိုအစစ်ဆေး ခံနေရသည့်နေ့ ဖြစ်နေဟု ဂျိုးဘိုင်ဒင်ပြော

 

နေ့ရက်တိုင်းက သိမြင်မှုကိုအစစ်ဆေး ခံနေရသည့်နေ့ ဖြစ်နေဟု ဂျိုးဘိုင်ဒင်ပြော

 

နေ့ရက်တိုင်းသည် ၎င်းအတွက် သိမြင်မှုကို   အစစ်ဆေးခံနေရသည့်နေ့ ဖြစ်နေကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ABC News သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

ဂျိုးဘိုင်ဒင်အနေဖြင့် ဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးပွဲတွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ သမ္မတတစ်ဦး၏ တာဝန်ကိုမထမ်း ဆောင်နိုင်တော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

စကားစစ်ထိုးပွဲတွင် အရှုံးကြီးရှုံးခဲ့ရခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အမှားမဟုတ်ဘဲ ၎င်းကိုယ်တိုင်၏ အမှားကြောင့်သာ ဖြစ်သည်ဟု အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဂျိုးဘိုင်ဒင်ကပြောသည်။

ထို့ပြင်   စကားစစ်ထိုးပွဲအပြီးတွင် ဂျိုးဘိုင်ဒင်အနေဖြင့် ပင်ပန်းနွမ်းနယ်ကာ အအေးမိသွားကြောင်းနှင့် ထိုအခြေအနေသည် ဆိုးဝါးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းနောက် သတင်းဌာနက ဂျိုးဘိုင်ဒင်အနေဖြင့် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို အနိုင်ရနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းရာ ဂျိုးဘိုင်ဒင်က  ၎င်းသည်သာသမ္မတရာထူးအတွက် အသင့်တော်ဆုံးသူ ဖြစ်ကြောင်းနှင့် လူကြိုက်များမှုထောက်ခံမဲတွင် ထရမ့်နောက်မှလိုက်နေရသည်ဟု ညွှန်းဆိုနေသော ကိန်းဂဏန်းများကို မယုံကြည်ကြောင်း ပြောထားသည်။

တစ်ချိန်တည်းမှာပင် ဒီမိုကရက်တစ်ပါတီမှခေါင်းဆောင်များက   ၎င်းကိုသမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုလာလျှင်  နုတ်ထွက်လိုခြင်းရှိ၊ မရှိနှင့်ပတ်သက်၍  သတင်းဌာနကမေးမြန်းရာ ဂျိုးဘိုင်ဒင်က ဘုရားသခင်အနေဖြင့် ထိုသို့တောင်းဆိုလာမှသာ နုတ်ထွက်မည်ဟု တုံ့ပြန်ဖြေဆိုသည်။

ဂျိုးဘိုင်ဒင်နှင့်ထရမ့်တို့ကြား  ပထမအကျော့စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင်၏ အခြေအနေများကြောင့် ၎င်းကိုရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိလာကြောင်း သိရသည်။

Ref: RT