တရုတ်အာကာသယာဉ်မှူးများက အာကာသစခန်းအပြင်ဘက်တွင် တပ်ဆင်မှုများပြုလုပ်

 

တရုတ်အာကာသယာဉ်မှူးများက အာကာသစခန်းအပြင်ဘက်တွင် တပ်ဆင်မှုများပြုလုပ်

 

တရုတ်နိုင်ငံက  လွှတ်တင်ထားသော ထျန်းကုန်းအာကာသစခန်းမှ ယာဉ်မှူးများက ဒုတိယအကြိမ် အာကာသလမ်းလျှောက်ပြီး အာကာသစခန်း အပြင်ဘက်တွင် တပ်ဆင်မှုများကို    အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ကြောင်း သိရသည်။

အဆိုပါ တပ်ဆင်မှုများကို အာကာသယာဉ်မှူးသုံးဦးက မြေပြင်အထောက်အကူပြုအဖွဲ့၊   အာကာသစခန်းရှိ   စက်ရုပ်လက်တံတို့၏ အကူအညီဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အာကာသစခန်းအပြင်ဘက်တပ်ဆင်မှုများတွင် အဓိကအားဖြင့် ကေဘယ်ကြိုးများ၊ ပိုက်လိုင်းများအတွက်    အကာအကွယ် ပစ္စည်းများတပ်ဆင်ခြင်းကို ဦးစားပေးလုပ်ဆောင်သည်။

ယင်းကဲ့သို့ တပ်ဆင်မှုများ လုပ်ရာတွင် အချိန်အားဖြင့် ခြောက်နာရီခွဲ ကြာမြင့်ခဲ့ပြီး အမျိုးမျိုးသော လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

                    Ref: CCTV+

                                          K.H