SpaceX က Polaris Down ခရီးစဉ်ကို ဇူလိုင်လ ၃၁ ရက်တွင်စတင်မည်
ပုဂ္ဂလိကအာကာသယာဉ်လွှတ်တင်ရေး ကုမ္ပဏီဖြစ်သည့် Space X က အာကာသအတွင်း လမ်းလျှောက်နိုင်မည့် အစီအစဉ်ပါဝင်သော Polaris Down အမည်ရှိ အာကာသခရီးစဉ်ကို ဇူလိုင်လ ၃၁ ရက်တွင် စတင်မည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ဘီလျံနာဂျဲရတ်အိုင်းဆက်မန်းက ငွေကြေးပံ့ပိုးပေးထားခြင်းဖြစ်ပြီး ပုဂ္ဂလိကအာကာသ ခရီးသွားအစီအစဉ်တစ်ခု ဖြစ်သည်။
ယခုအစီအစဉ်အတွက် SpaceX ကုမ္ပဏီက Dragron အမည်ရှိ အာကာသယာဉ်ကိုယ်ထည်နှင့် Falcon 9 အမည်ရှိ ဒုံးပျံတို့ကို အသုံးပြုသွားမည်ဖြစ်သည်။
Polaris Down ခရီးစဉ်သည် ကမ္ဘာမြေပြင်မှအမြင့် ၄၃၅ မိုင်အထက်အထိသွားမည်ဖြစ်ပြီး ထိုနေရာတွင် ခရီးစဉ်၌လိုက်ပါလာသူများက အာကာသအတွင်းလမ်းလျှောက်မှုကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ထိုအမြင့်သည် နိုင်ငံတကာအာကာသစခန်းတည်ရှိသည့်နေရာထက်ပင် ၁၈၅ မိုင်ခန့်ပိုမြင့်သည်။ နိုင်ငံတကာ အာကာသစခန်းသည် ကမ္ဘာမြေပြင်မှ ပျမ်းမျှမိုင် ၂၅၀ အမြင့်တွင်ရှိသည်။
ယခုအကောင်အထည်ဖော်မည့် Polaris Down ခရီးစဉ်သည် Polaris အစီအစဉ်၏ ရည်မှန်းချက်သုံးရပ်အနက် တစ်ခုအပါအဝင်ဖြစ်သည်။
Polaris အစီအစဉ်ဆိုသည်မှာ သာမန်အရပ်သားများအနေဖြင့် SpaceX ၏နည်းပညာ၊ ဒုံးပျံများအသုံးပြု၍ အာကာသအတွင်း ခရီးသွားလာမှု အစီအစဉ်ဖြစ်သည်။
Ref: Space
K.H
