ကလာပ်စည်းကိုပင် လိုသလိုကိုင်တွယ်နိုင်မည့် အသေးစားစက်ရုပ်များကို သိပ္ပံပညာရှင်များတီထွင်

 

ကလာပ်စည်းကိုပင် လိုသလိုကိုင်တွယ်နိုင်မည့် အသေးစားစက်ရုပ်များကို သိပ္ပံပညာရှင်များတီထွင်

 

သိပ္ပံပညာရှင်များက ကလာပ်စည်းနှင့်အတူ ယင်းနှင့်အရွယ်အစား တူညီသည့်အရာများကို  လိုသလို ကိုင်တွယ်နိုင်မည့် အသေးစားစက်ရုပ်များကို   တီထွင်လိုက်သည်။

အဆိုပါစက်ရုပ်များသည် အရွယ်အစား မိုက်ခရိုမီတာ  ၃၀ မှ ၄၀ မျှသာရှိသည့် ကလာပ်စည်းများကို   ကိုင်တွယ်ခြင်း၊ ရွေ့လျားခြင်းနှင့် လှည့်ပတ်ခြင်းတို့ လုပ်ဆောင်နိုင်သည်။

ဟန်ဂေရီနိုင်ငံမှ  ဇီဝရူပသိပ္ပံပညာရှင် လော်ရန်းကယ်လီမန်းက ဆလိုဗက်ကီးယားနိုင်ငံမှ ပညာရှင်များနှင့်အတူ ပူးပေါင်းကာ အလင်းစွမ်းအင်သုံး အသေးစားဇာဂနာကို ကိုင်ဆောင်နိုင်သည့် မိုက်ခရိုစက်ရုပ်များကို တီထွင်ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ကလာပ်စည်းများကို ကိုင်တွယ်ထိန်းချုပ်ရခြင်းက လွယ်ကူသည့် အလုပ်မဟုတ်သော်လည်း မိုက်ခရိုစက်ရုပ်များက ထိုတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်သည်ဟု ဆိုရမည် ဖြစ်သည်။

ယခုအောင်မြင်မှုသည်  အချိန်များစွာကြာမြင့်အောင်    ကြိုးစားမှု၏ရလဒ်ဖြစ်ကြောင်း၊  ထိုသို့ကြိုးစားမှု လမ်းကြောင်းတစ်လျှောက်တွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ဖွယ်ရာများနှင့် တွေ့ကြုံခဲ့ရကြောင်း    သိပ္ပံပညာရှင်များက ပြောသည်။

Ref: ASN

K.H