ကလေးငယ်များအား နေ့လယ်စာအခမဲ့ကျွေးရန် အစိုးရကိုစည်းရုံးနိုင်ခဲ့၍ ရက်ရှ်ဖို့ဒ် GQ ၏ဆုချီးမြှင့်ခြင်းခံရ

မန်ချက်စတာ နိုဝင်ဘာ ၂၉

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် အင်္ဂလန်ရှိ စာသင်ကျောင်းများ၌ ကလေးငယ်များအတွက် နေ့လယ်စာ အခမဲ့ကျွေးခြင်းအား COVID-19 ရောဂါကြောင့် အစိုးရက ယင်းအစီအစဉ်ကိုဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ကို ပြန်လည် ပြင်ဆင်ကာ ဘတ်ဂျက် ပေါင်သန်း ၄၀၀ ပြန်ထုတ်ပေးရန် စည်းရုံးလှုံ့ဆော်နိုင်ခဲ့သဖြင့် GQ မဂ္ဂဇင်းကပေးအပ်သည့် တစ်နှစ်တာအထူးချွန်ဆုံးစည်းရုံးလှုံ့ဆော်ရေးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ရက်ရှ်ဖို့သည် ဆင်းရဲသောမိသားစုမှ ပေါက်ဖွားလာသူဖြစ်၍ ကျောင်းသားဘဝတွင် အစိုးရကကျွေးသည့် နေ့လယ်စာဖြင့် ကြီးပြင်းခဲ့ရသောကြောင့် COVID-19 ရောဂါကာလတွင် ကျောင်းများ၌ ကလေးငယ်များအား အစာအာဟာရကျွေးမွေးနိုင်ရန် ပေါင်သန်း ၂၀ ကျော်ရန်ပုံငွေရှာပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုချီးမြှင့်ခံ ရခြင်းဖြစ်သည်။

Ref:BT