မာရာဒိုနာဂုဏ်ပြုမှုတွင် အန်ဆယ်လော့တီမျက်ရည်ကျ

မာဆေးဆိုက်၊ ဘောလုံး

အဲဗာတန်အသင်းသည် လိဒ်ယူနိုက်တက်ကို အိမ်ကွင်း၌  ၁  ဂိုး-ဂိုးမရှိဖြင့် ရှုံးခဲ့သည့် ပရီးယားလိဂ်ပွဲမတိုင်မီ ကွယ်လွန်သွားခဲ့သော မာရာဒိုနာအတွက် ဝမ်းနည်းအောက်မေ့ဂုဏ်ပြုမှုအဖြစ် နှစ်ဖက်အသင်းသားများ  လက်ခုပ်တီးကြစဉ် အဲဗာတန်နည်းပြ အန်ဆယ်လော့တီသည် စိတ်မကောင်းခြင်းများစွာဖြင့် မျက်ရည်ကျခဲ့ သည်ကို ရုပ်သံမှတ်တမ်းများ၌ အထင်အရှားတွေ့မြင်ခဲ့ရသည်။

အန်ဆယ်လော့တီသည် ဂျူဗင်တပ်စ်အသင်း၌ကစားစဉ် နာပိုလီ၌ကစားနေသည့် မာရာဒိုနာနှင့်  ပြိုင်ဘက် များ အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးနောက်ပိုင်း အခင်ဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။   

Ref:BBC