တရုတ်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ ဒေသများတွင် အပူချိန်စံချိန်တင်မြင့်တက်

 

တရုတ်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ ဒေသများတွင် အပူချိန်စံချိန်တင်မြင့်တက်

 

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိဒေသများ၌ ယခုရက်သတ္တပတ်အတွင်း အပူချိန်စံချိန် တင်မြင့်တက်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းတွင်လည်း မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများမှာ  ထိခိုက်မည့် အခြေအနေရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် အပူချိန်မြင့်တက်မှုနှင့် ကြုံတွေ့နေရပြီး  နိုင်ငံမြောက်ပိုင်းရှိ   ဟေပေး ပြည်နယ်တွင် အပူချိန်သည် ဇွန်လ ၁၂ ရက်တွင် ၄၂ ဒီဂရီအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးခဲ့သည်။

ထို့ပြင် ဇွန်လ ၁၁ ရက်တွင်လည်း   အပူချိန်မြင့်တက်မှုကြောင့်   စွမ်းအင်ထောက်ပံ့မှုများ၊ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့်  ပြည်သူများ၏ ကျန်းမာရေးတို့အပေါ် ထိခိုက်စေခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယခုအခါပုံမှန်မဟုတ်သည့် အပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်နေရပြီး ယခုနှစ် မတ်လမှမေလအထိ အပူချိန်သည် ၁၉၆၁ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့်အထိ  စံချိန်တင်မြင့်တက်လာခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ 

အလားတူပင်  ဟေပေးပြည်နယ်နှင့်  နိုင်ငံအရှေ့ပိုင်းရှိ ရှန်တုံးပြည်နယ်များ၌ အပူချိန်သည်   ဇွန်လ အစောပိုင်းတွင် စံချိန်တင်မြင့်တက် လာခဲ့ပြီး ရှန်တုံးပြည်နယ် မန်ကျင်းခရိုင် အာဏာပိုင်များက ၎င်းတို့ဒေသ အတွင်း၌ ဆိုးရွားသည့် မိုးခေါင်မှုမဖြစ်ပွားစေရန်အတွက် မိုးအတုကိုဖန်တီး၍ ရွာသွန်းစေခဲ့ကြောင်း သိရသည်။

Ref:ST