ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်

 

ဒီနေ့မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖြစ်စဉ်များနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ သဘောထားများကို ပြောကြားသွားမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ MNDAA ဟာ TNLA ၊ AAအဖွဲ့တို့နဲ့ ပူးပေါင်းပြီး အထူးဒေသ(၂) ]]၀}}ဒေသ ကတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး တရုတ်-မြန်မာနယ်စပ်မြို့ ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ ယခင်ကလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နမ့်ခမ်း၊ သိန်းနီနဲ့ကွတ်ခိုင်မြို့တွေကို TNLA အဖွဲ့က နှောင့်ယှက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။   သိန်းနီမြို့၊   ကွမ်းလုံမြို့နဲ့ လောက်ကိုင်မြို့တစ်ဝိုက်ကိုလည်း စတင်တိုက်ခိုက်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ TNLA အဖွဲ့ဟာ မန်တုံဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ပါတယ်။ TNLA ပူးပေါင်းအဖွဲ့ဟာ  နမ္မတူဒေသနဲ့ နမ္မတူမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။  ၂၀၂၄  ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ MNDAA ပူးပေါင်းအဖွဲ့ဟာ  ဟိုပန်ဒေသနဲ့ဟိုပန်မြို့ကို တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့ဟာ  နောင်ချိုနဲ့ ကျောက်မဲဒေသတစ်ဝိုက်ရှိ လုံခြုံရေးစခန်းတွေနဲ့ နောင်ချို၊ ကျောက်မဲမြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်။  ဇူလိုင်လ ၃ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ Drone တွေနဲ့ Drop   Bomb တိုက်ခိုက်တာတွေကို    နေ့စဉ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

MNDAA အဖွဲ့အနေနဲ့ ချင်းရွှေဟော် ဒေသတစ်ဝိုက်နဲ့ ကိုးကန့်နယ်မြေကို စတင် တိုက်ခိုက်ကာစက   ကျားဖြန့်လို့ခေါ်တဲ့ Online လောင်းကစားမှု၊ လိမ်လည်မှုကို တိုက်ဖျက်ရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ခဲ့တယ်ဆိုတာ သိရပါတယ်။ လောက်ကိုင်ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်း လိမ်လည်မှုတွေဟာလောက်ကိုင်မှာဆိုရင် ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာဖြစ်လို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့  သိရှိခဲ့ခြင်းမရှိပါဘူး။ လိမ်လည်မှုများကို တရုတ်နိုင်ငံက တိမ်းရှောင်လာတဲ့ တရုတ် ရာဇဝတ်သားတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး လောင်းကစားသူများ၊  လိမ်လည်ခံရသူ အများစုဟာလည်း တရုတ်နိုင်ငံသားများသာဖြစ်လို့ မြန်မာနိုင်ငံက အများစုက သိရှိခဲ့ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကျားဖြန့်ကိစ္စကို သိရှိတာနဲ့တစ်ပြိုင်တည်း တရုတ်နိုင်ငံနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး နှိမ်နင်းခဲ့ပါတယ်။ ကိုးကန့်ဒေသမှာသာမက အခြားနယ်စပ်ဒေသများမှာလည်း ဆောင်ရွက်ခဲ့ပါတယ်။   မနေ့ကအထိ မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ(ရွှေကုက္ကိုလ်၊ KK Park ) တို့ကနေ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦး အပါအဝင် ၂၁၅၀ ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ MNDAA ဟာ ကိုးကန့်နယ်မြေ အထူးဒေသ(၁) ရရှိရေးဆိုပြီး လုပ်ဆောင်လာပါတယ်။ အကြမ်းဖက် NUG အဖွဲ့နဲ့တွေ့ဆုံပြီး သူတို့နယ်မြေကို လိုက်ပြတာတွေ၊ ဆွေးနွေးတာတွေ လုပ်လာတဲ့ အပြင် ကိုးကန့်ဒေသရဲ့ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင် တိုက်ခိုက်လာတာတွေ့ရပါတယ်။  NUG အဖွဲ့ရဲ့ အသံကိုလိုက်ပြီး ပြောကြားနေတာကိုလည်း တွေ့ရပါတယ်။ ကိုးကန့်နယ်မြေထဲက  ကလေးငယ်များပါမကျန် လူသစ်စုဆောင်းတာတွေ၊ ကိုးကန့်ဒေသအတွင်းမှာ  အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသား အလုပ်သမားတွေကို ဖမ်းဆီးပြီး MNDAA ထဲကိုသွင်းပြီး  တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာသင်ကျောင်းတွေကို ပိတ်ပစ်တာတွေ၊ ပညာသင်ကြားမှု ပိတ်ပင်တာတွေကိုလည်း   ပြုလုပ်ခဲ့ပါတယ်။    TNLA      အဖွဲ့အနေနဲ့လည်း အလားတူ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဒေသမှာရှိတဲ့ သူတို့လက်နက်ကိုင် အဖွဲ့အချင်းချင်းနယ်မြေ အငြင်းပွားတာတွေလည်း ဖြစ်နေတာတွေ့ရပါတယ်။

အခုလားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စတိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ ီမသညန တွေနဲ့ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ပျက်သုဉ်းခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ်ဖါ့ရွန်ဘုံကျောင်းကို မနေ့မနက် ၇ နာရီမှာ Drone နဲ့ Drop Bomb ချ တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးမှာနေထိုင်ကြတဲ့ တရုတ် လူမျိုးများ အပါအဝင် ဒေသခံပြည်သူလူထုကလည်း ဒီ MNDAA နဲ့ အပေါင်းပါ အဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက်ရှိပါတယ်။   နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ မြို့ခံလူထု၊ ပြည်သူလူထုရဲ့   လုံခြုံရေးနဲ့  ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာ MNDAA  နဲ့  TNLA တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။