ပူတင်နှင့်မိုဒီတို့၏ အလွတ်သဘောဆွေးနွေးမှုက အချိန်သုံးနာရီ ဝန်းကျင်ကြာ
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ရုရှား နိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ကြား အလွတ်သဘော ဆွေးနွေးမှုသည် အချိန်အားဖြင့် သုံးနာရီဝန်းကျင် ကြာမြင့်ကြောင်းနှင့် ထိုဆွေးနွေးမှုသည် အလွန်လေးနက် အဓိပ္ပာယ်ရှိကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီ ထရီပက်စကော့က ဇူလိုင်လ ၉ ရက်တွင် ပြောသည်။
“မနေ့က ပူတင်နဲ့မိုဒီတို့ကြား အလွတ် သဘောဆွေးနွေးမှုက အချိန်သုံးနာရီ ဝန်းကျင်ကြာပါတယ်။ အဲဒီဆွေးနွေးမှုက တကယ့်ကိုလေးနက်ပြီး အဓိပ္ပာယ်ရှိပါတယ်” ဟု ဒီမီထရီပက်စကော့က သတင်းထောက်များကိုပြောသည်။
ပူတင်နှင့်မိုဒီတို့သည် ဇူလိုင်လ ၈ ရက်တွင် ရုရှားသမ္မတ၏ နိုဗို-အိုဂါယိုဗိုစံအိမ်၌ အလွတ်သဘောဆွေးနွေးမှုများ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
ပူတင်နှင့်မိုဒီတို့သည် ဇူလိုင်လ ၉ ရက်တွင် မော်စကိုမြို့ရှိ အမျိုးသားစီးပွားရေး အောင်မြင်မှုများပြပွဲရှိ အဏုမြူစွမ်းအင်ဆိုင်ရာပြခန်းသို့ သွားရောက်ကြည့်ရှုသည်။
အိန္ဒိယဝန်ကြီးချုပ်သည် နှစ်နိုင်ငံကြား ထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် ဇူလိုင်လ ၈ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။