သီရိလင်္ကာက အီလွန်မက်၏ စတားလင့်ကို ဆက်သွယ်ရေး စျေးကွက်အတွင်း ဝင်ခွင့်ပြုမည်
သီရိလင်္ကာနိုင်ငံက အီလွန်မက်၏ စတားလင့်ကို ဆက်သွယ်ရေးစျေးကွက် အတွင်းသို့ဝင်ခွင့်ပြုရန် လွှတ်တော်က ဥပဒေပြင်ဆင်မှု များ လုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာလွှတ်တော်သည် ပြင်ဆင်ထားသည့် ဆက်သွယ်ရေးလုပ်ငန်း ဥပဒေအသစ်ကို ဇူလိုင်လ ၉ ရက်တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုသို့အတည်ပြုမှုသည် နှစ်ပေါင်း ၂၈ နှစ်အတွင်း အဆိုပါ ဥပဒေကို ပထမဆုံးအကြိမ ်ပြင်ဆင်ခြင်းဖြစ်သည်။
အဆိုပါဥပဒေပြင်ဆင်မှုတွင် လိုင်စင်အမျိုးအစားအသစ် သုံးမျိုးကို မိတ်ဆက်လိုက်ပြီး စတားလင့်ကုမ္ပဏီကို လိုင်စင်ရဝန်ဆောင် မှုပေးသူအဖြစ် နိုင်ငံ၏ ဆက်သွယ်ရေးစျေးကွက်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ခြင်းဖြစ် သည်။
စတားလင့်ကုမ္ပဏီသည် SpaceX ကုမ္ပဏီ၏ ဂြိုဟ်တုအခြေပြု ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ယခင်က ထိုကဲ့သို့သော ဂြိုဟ်တုအခြေပြုအင်တာနက် ဝန်ဆောင်မှုပေးခြင်းကို သီရိလင်္ကာနိုင်ငံက တားမြစ်ထားသည်။
ယခုကဲ့သို့ ဥပဒေပြင်ဆင်မှုသည် စတားလင့်အတွက်သာမက သီရိလင်္ကာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသည့် အခြားသော ကုမ္ပဏီများကိုပါ တူညီသော အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်ဟု နည်းပညာဝန်ကြီး ကာနာကာဟီရတ်ကပြောသည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် သတင်းအချက်အလက် နည်းပညာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိရရှိစေ ရန်ရည်မှန်းထားသောကြောင့် ယခုကဲ့သို့ဥပဒေကိုပြင်ဆင်ပြီး နိုင်ငံအတွင်းအင်တာ နက်အသုံးပြုမှု တွင်ကျယ်လာစေရေး အတွက် ပြည်ပကုမ္ပဏီများကို ဝင်ရောက်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။