ဗန်နစ္စတယ်ရွိုင်းက မန်ယူအသင်း လက်ထောက်နည်းပြအဖြစ် နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် အသင်းဟောင်းနှင့် စတင်ပူးပေါင်း

 

ဗန်နစ္စတယ်ရွိုင်းက မန်ယူအသင်း လက်ထောက်နည်းပြအဖြစ် နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် အသင်းဟောင်းနှင့် စတင်ပူးပေါင်း

 

    မန်ယူအသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့်   ဗန်နစ္စတယ်ရွိုင်းက  အသင်းလက်ထောက်နည်းပြအဖြစ် နှစ်နှစ်စာချုပ်ချုပ်ဆိုပြီးနောက် ရာသီသစ်အတွက် အသင်းဟောင်းနှင့်စတင် ပူးပေါင်းခဲ့ကြောင်း   သိရသည်။

အသက် ၄၈ နှစ်အရွယ် ဗန်နစ္စတယ်ရွိုင်းသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝက မန်ယူအသင်း တွင် ၂၀၀၁ ခုနှစ်မှ  ၂၀၀၆  ခုနှစ်အထိကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀  အထိပါဝင် ကစားခဲ့ကာ  ၉၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

ဗန်နစ္စတယ်ရွိုင်းသည်  ပရော်ဖက်ရှင်နယ်ကစား သမားဘဝမှ အနားယူပြီးနောက် ၂၀၁၈ ခုနှစ်က အသင်းဟောင်း တစ်သင်းဖြစ်သည့် ပီအက်စ်ဗွီလူငယ် အသင်းနည်းပြအဖြစ် စတင်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်က ပီအက်စ်ဗွီအရန်အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကာ ၂၀၂၂ခုနှစ်တွင် ပီအက်စ်ဗွီအသင်း နည်းပြအဖြစ်  ခန့်အပ်ခံရပြီးနောက် အသင်းကိုရလဒ် ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ၂၀၂၃ခုနှစ်တွင် အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေရာမှ မန်ယူအသင်းလက်ထောက် နည်းပြအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

အစောပိုင်းက   ဗန်နစ္စတယ်ရွိုင်းကို    ဘန်လေ အသင်းက နည်းပြအဖြစ်ခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း  ဗန်နစ္စတယ်ရွိုင်းက   မန်ယူအသင်းကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

Dates: 
Wednesday, July 10, 2024 - 14:21