ဖွံ့ဖြိုးမှုမျှဝေခြင်း အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

 

ဖွံ့ဖြိုးမှုမျှဝေခြင်း အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်  ဇူလိုင်  ၁၀

    ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency - CIDCA) ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ဇူလိုင်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ  (Second  High - Level  Conference of the Forum on Global Action for Shared Development) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့်  ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး   ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး  ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ရင်းနှီးမြှုပ်နှံ မှုနှင့်   ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်က အဖွဲ့ဝင်အဖြစ်  လိုက်ပါသွားကြောင်း  သိရသည်။    

Dates: 
Thursday, July 11, 2024 - 08:33