မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအတွက် e-ID စနစ်ဖြင့် Biometric ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်း တာချီလိတ်၌ ဆောင်ရွက်ပေး
နေပြည်တော် ဇွန် ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)အနီးရှိ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic၊ Biometric ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်ထိ ဒေသခံပြည်သူ ၂၆၀၀၀ ကျော် Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။