နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ်(၂၀၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
ရန်ကုန် ဇူလိုင် ၁၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၀၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြားစီမံ ဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)က သင်တန်းသားစံပြဆု ရရှိသူ သင်တန်းသားအမှတ်-၂၅၂ ဦးအာကာပြည့်ဖြိုး အငယ်တန်းစာရေး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သင်တန်းသူစံပြဆု ရရှိသူ သင်တန်းသူအမှတ်-၁၁၀ ဒေါ်ဇွန်ပွင့်ဖြူ ဒု-လက်ထောက်ဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆုနှင့် စစ်ရေးပြထူးချွန်ဆု ရရှိသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၁၀၉ ဦး၊ သင်တန်းသူ ၂၂၂ ဦး စုစုပေါင်း၃၃၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ကြောင်း သိရသည်။