မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် Mr. Daba Debele Hunde ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် Mr. Daba Debele Hunde  ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇူလိုင်  ၁၀

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်  တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ   အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော    အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်   သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်   ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်  Mr. Daba Debele Hunde  ကို ယနေ့မွန်းလွဲ ၂  နာရီတွင်    နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုကျိုမြို့တွင်အခြေစိုက်သည့် သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်   သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနှင့် အီသီယိုးပီးယား နိုင်ငံတို့၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံများအပေါ်  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Dates: 
Thursday, July 11, 2024 - 10:53