အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၂
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်းမန္တလာအားကစားကွင်း၌ ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် မန္တလေးတပ်နယ် အသင်းနှင့် ပြင်ဦးလွင်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသောအသင်းတို့အား တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန်လ ၂၈ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။