တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၁၂
တရားရေး အရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် မေလ၁၃ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာမြင့် ကြောင်းနှင့်သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီး အဆင့်ရှိ သင်တန်းသား ၁၁ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)