ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေ

ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေ

ဂျပန်နိုင်ငံ၌ ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုမှာ ဆက်လက်မြင့်တက်နေသောကြောင့် ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းများကို တိုးမြှင့်ရန်စဉ်းစားနေရကြောင်းသိရသည်။

ဇွန်လအတွင်း ပို့ကုန်တိုးမြှင့်တင်ပို့ရမှုပမာဏသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းလာပြီး သွင်းကုန်တင်သွင်းမှုပမာဏ မြင့်တက်လာသည့်အတွက် ကုန်သွယ်မှုလိုငွေပြနေသည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လ ၁၉ ရက်တွင်ထုတ်ပြန်မည့် ဇွန်လအတွက်အဓိက စားသုံးသူစျေးနှုန်း ရည်ညွှန်းချက်တွင်  စျေးနှုန်းမှာ ၂ ဒသမ  ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြလာနိုင်သည်။

ထိုပမာဏသည် မေလတွင်ဖြစ်ပေါ်ခဲ့သော ကုန်စျေးနှုန်းတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းထက် မြန်ဆန်စွာ မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ကြောင်း သိရသည်။

Ref: RTA

K.H