COVID-19 ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသဖြင့် နယ်စပ်မှ တင်ပို့ခြင်းများ မပြုလုပ်နိုင်ဘဲ ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရ၍ ကြက်သွန်နီကုန်သည်များနှင့် တောင်သူများ အခက်တွေ့နေကြောင်း သိရသည်။
COVID-19 ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတာ အခုထိ
မဖွင့်သေးဘူး။ ကြက်သွန်နီက သိုလှောင်ထားလို့လည်း မရဘူး။ ကွန်တိန်နာတွေနဲ့ ပင်လယ်ရေကြောင်းက သွားလို့ရပေမယ့် ကြက်သွန်တွေက အချိန်ကြာလာရင် အပျက်အစီးများတယ် ဟု ရခိုင်ပြည်နယ် ကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အားထားဝယ်ယူနေသောကြောင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက တောင်သူနှင့် ကုန်သည်များအတွက် အကျိုးရှိစေမည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံက ကြက်သွန်နီကို အဓိကထားဝယ်ယူတယ်။ ဒါကြောင့် ဝယ်လိုအားများလာတယ်။ များလာတဲ့အချိန်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်လိုက်တော့ ကုန်သည်တွေရော တောင်သူတွေပါ အခက်တွေ့နေကြတယ် ဟု ကြက်သွန်နီကုန်သည် ဦးသက်ဖြိုးက ပြောသည်။
ထို့ကြောင့် ပြည်ပမတင်ပို့နိုင်သဖြင့် တောင်သူများဆီမှ လာဝယ်သည့် ကုန်သည် ဝယ်လက်မရှိတော့သဖြင့် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ကျော်ကို