ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

နေပြည်တော်  ဇူလိုင်  ၁၂

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခန့် (၂၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် (၁၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲကျော်ခန့် (၅၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၃ လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၁ ပေခွဲကျော်ခန့် (၅၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၃ လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၂ ပေခန့် (၅၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ် အထက်သို့ ၃ ပေခွဲခန့် (၁၀၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၄ ပေခွဲခန့် (၁၃၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ  ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေကျော်ခန့်(၁၂၉ စင်တီမီတာ)တွင်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်(၆၁ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ  ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ၃ ပေကျော်ခန့် (၉၆ စင်တီမီတာ)တွင်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ  ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့်(၁၀၈ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ၃ ပေခွဲကျော်ခန့်(၁၁၂ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ  ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်(၅၉ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ် ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်(၆၉ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့် (၉၂ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံး ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်၊ ကသာမြို့နယ်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ အောင်လံမြို့နယ်၊ ပြည်မြို့နယ်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့်ဇလွန်မြို့နယ်တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                               

 (မိုး/ဇလ)