လာအိုနိုင်ငံ Laosat သို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ရောက်ရှိလေ့လာ

 

လာအိုနိုင်ငံ Laosat သို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ရောက်ရှိလေ့လာ

ရန်ကုန်  ဇူလိုင်  ၁၃

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao AsiaPacific  Satellite Company  Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် Laosat သို့ရောက်ရှိရာ Laosat မှ CEO  Mr. Wu  Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံ၌   Laosat စတင်တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း တင်ပြကြပြီး လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပူးပေါင်း၍ Laoset ဂြိုဟ်တုလွှင့်တင်ခဲ့မှု၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဒစ်ဂျစ်တယ် အစရှိသည်များ    ထုတ်လွှင့်ဆောင်ရွက်သည့်နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေး အပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အပြန်အလှန် ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင်လ ၁၃ ရက်   နံနက်ပိုင်းတွင်  လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး    ဦးအောင်ကိုက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့   ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။