UFC Fight Night ပြိုင်ပွဲတွင် ချင်းဖိုက်တာ ဂျိုရှုအာဗန် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင်နှင့် ထိုးသတ်ရမည်

 

UFC Fight Night ပြိုင်ပွဲတွင် ချင်းဖိုက်တာ ဂျိုရှုအာဗန် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင်နှင့် ထိုးသတ်ရမည်

ရန်ကုန် ဇူလိုင် ၁၃

 

UFC   ပြိုင်ပွဲများတွင်  ဝင်ရောက်ထိုးသတ်နေသည့်   ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန်သည်   အမေရိကန်နိုင်ငံ၌ ကျင်းပမည UFC Fight Night ပြိုင်ပွဲတွင် အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင်နှင့် ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် ဖိုက်တာကစားသမားဘဝကို  Fury အဖွဲ့အစည်းနှင့်စတင်ထိုးသတ်ခဲ့ပြီး Fury ပြိုင်ပွဲများတွင် ပုံစံကောင်းပြသနိုင်ခဲ့ကာ နိုင်ပွဲများဆက်တိုက်ရရှိခဲ့ပြီးနောက် လက်ရှိကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်း ဖြစ်သည့့် UFC က ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် UFC ပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်ခွင့် ရရှိနေခြင်း ဖြစ်သည်။

အစောပိုင်းက ဂျိုရှုအာဗန်အနေဖြင့် UFC Fight Night ပြိုင်ပွဲတွင် ထိုးသတ်ရန် ပြိုင်ဘက်များအဆင့်ဆင့် ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် UFC က ဂျိုရှုအာဗန်ကို အမေရိကန်ဖိုက်တာ ချားလ်ဂျွန်ဆင်နှင့် ထိုးသတ်ရန် သတ်မှတ်ပေးခဲ့သည်။

ဂျိုရှုအာဗန်သည်UFC နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် UFC ပွဲစဉ်များ ထိုးသတ်ခဲ့ရာတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူထားပြီး UFC ပွဲစဉ် သုံးပွဲထိုးသတ်ခဲ့ရာတွင် သုံးပွဲစလုံးအနိုင်ရရှိထားပြီး   ယခုအခါ လေးပွဲမြောက် ထိုးသတ်မည် ဖြစ်သည်။

ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ထိုးသတ်နေသည့် ပထမဆုံး မြန်မာဖိုက်တာတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပြီး ဂျိုရှုအာဗန်ဝင်ရောက်ထိုးသတ်မည့် UFC Fight Night ပြိုင်ပွဲကို ဇူလိုင်လ ၁၄ ရက်(ယနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စည်သူအောင်