ယခုရာစုနှစ်အတွင်း ကမ္ဘာ့လူဦးရေအမြင့်ဆုံးသို့ရောက်ရှိနိုင်
ယခုရာစုနှစ်အတွင်း ကမ္ဘာ့လူဦးရေသည် အမြင့်ဆုံးသို့ ရောက်ရှိနိုင်ကြောင်းနှင့် လူဦးရေ ၁၀ ဒသမ ၃ ဘီလီယံအထိရောက်ရှိလာ နိုင်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်ခုတွင်ခန့်မှန်းထားသည်။
သို့သော် ကမ္ဘာ့လူဦးရေသည် ၂၀၈၀ ပြည့်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိပြီးနောက် ပြန်လည် ကျဆင်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် သိပ်မဝေးတော့သောကာလအတွင်း နိုင်ငံအများအပြား၌ ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက် လာခြင်းသည် လူဦးရေတိုးတက်မှု၏ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအများစုသည် ကလေးမွေးဖွားနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အိုများပြားမှုကို ရင်ဆိုင်ဖြေရှင်း လျက်ရှိကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အာဖရိကဒေသရှိ နိုင်ငံအများအပြားအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံသည် လူဦးရေမြင့်တက်လာမှုအတွက် အဓိကနိုင်ငံများ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။
Ref:RT