ဖေ့စဘွတ်နှင့်အင်စတာဂရမ်တို့က ထရမ့်၏အကောင့်များကို ပြန်ဖွင့်ပေး
လူမှုကွန်ရက်များဖြစ်သော ဖေ့စဘွတ်နှင့်အင်စတာဂရမ်တို့က အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်၏ အကောင့်များကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လူမှုကွန်ရက်များသည် ဒေါ်နယ်ထရမ့်၏ အကောင့်များကို နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတဟောင်းနဲ့ လက်ရှိရီပတ်ဘလစ်ကန်ပါတီမှ သမ္မတကိုယ်စားလှယ်လောင်းထရမ့်ကို ဘယ်လိုအရေးယူမှုမှ မပြုလုပ်တော့ပါဘူးဟု အဆိုပါ လူမှုကွန်ရက်များ၏ ပင်မကုမ္ပဏီဖြစ်သော မတ်တာကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် လွှတ်တော်အဆောက်အအုံ၌ ဆူပူမှုများ ဖြစ်ပွားပြီးနောက် ထိုဆူပူမှုများသည် ထရမ့်နှင့်ဆက်စပ်နေသည်ဟု ဆိုကာ အဆိုပါ လူမှုကွန်ရက်များက ထရမ့်၏ အကောင့်များကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် အမေရိကန်ပြည်သူများသည် သမ္မတကိုယ်စားလှယ်လောင်းများ၏ အသံများကို ညီတူညီမျှကြားခွင့် ရှိသင့်ကြောင်း မတ်တာကုမ္ပဏီ၏ ကမ္ဘာ့ရေးရာဌာန အကြီးအကဲက လူမှုကွန်ရက်တွင် ရေးထားသည်။
လက်ရှိသမ္မတနှင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့ကမူ မတ်တာ ကုမ္ပဏီ၏ ယခုလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချထားကြောင်း သိရသည်။
Ref: RT