တရုတ်စစ်သင်္ဘောများက အလက်စကာကျွန်းတန်းအနီးမှဖြတ်သန်း

 

တရုတ်စစ်သင်္ဘောများက အလက်စကာကျွန်းတန်းအနီးမှဖြတ်သန်း

 

တရုတ်စစ်သင်္ဘောလေးစင်းသည် အမေရိကန်နိုင်ငံပိုင် အလက်စကာကျွန်းတန်း အနီးရှိ နိုင်ငံတကာရေပိုင်နက်မှ ဖြတ်သန်းသွား သည်ဟု ထုတ်ပြန်လာသည်။

အဆိုပါ တရုတ်စစ်သင်္ဘောများသည် ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင် ဖြတ်သန်း သွားခြင်းဖြစ်သော်လည်း ယခုသီတင်းပတ်မှသာ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

သို့သော်   အဆိုပါစစ်သင်္ဘောများသည် မည်သည့်အမျိုးအစားများ ဖြစ်သည်ကို ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိကြောင်း  တွေ့ရသည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပစိဖိတ်သမုဒ္ဒရာ၏ အခြားဘက်ခြမ်းတွင် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ပြီးနောက် ရက်အနည်းငယ်အကြာတွင်  တရုတ်စစ်သင်္ဘောများက အလက်စကာကျွန်းတန်း အနီးမှဖြတ်သန်းမှုဖြစ်ပွားခြင်း ဖြစ်သည်။

ထို့နောက် NATO တပ်ဖွဲ့၏ထိပ်သီး ညီလာခံ၌ ထိုတပ်ဖွဲ့အတွင်းရေးမှူး ယန်စတိုတန်ဘာ့က တရုတ်နိုင်ငံကို NATO တပ်ဖွဲ့၏ အကျိုးစီးပွားများ၊ လုံခြုံရေးနှင့်စံနှုန်းများအပေါ် ခြိမ်းခြောက်နိုင်သည့် နိုင်ငံအဖြစ် သတ်မှတ်ကြောင်းပြောသည်။

သို့သော် NATO တပ်ဖွဲ့အနေဖြင့် တရုတ်နိုင်ငံကို အန္တရာယ်ရှိသည့် နိုင်ငံအဖြစ် သတ်မှတ်ခြင်းထက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးအတွက် အလုပ်ပိုလုပ်သင့်သည်ဟု ဘရပ်ဆဲမြို့ရှိ တရုတ်ကိုယ်စားလှယ် အဖွဲ့က ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံသည်  ပင်လယ်ရေလမ်းကြောင်း လုံခြုံရေးဆောင်ရွက်သည်ဟု ဆိုကာ ၎င်းတို့၏ ကမ်းရိုးတန်းနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာများသို့ သွားရောက်ကင်းလှည့်လေ့ရှိကြောင်း သိရသည်။

Ref: Sputnik