၀န်ကြီးချုပ်နာရန်ဒရာမိုဒီက တတိယအဆက်အစိုးရသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

 

၀န်ကြီးချုပ်နာရန်ဒရာမိုဒီက တတိယအဆက်အစိုးရသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်(NDA)မှ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တတိယအဆက်အစိုးရ သက်တမ်းအတွက် ဇွန်လ  ၉  ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုကြောင်း သိရသည်။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်အတူ ၎င်း၏အစိုးရအဖွဲ့မှ ဝန်ကြီးများကလည်း  ကျမ်းသစ္စာကျိန်ဆိုသည်။

နာရန်ဒရာမိုဒီအနေဖြင့်   ယခုကဲ့သို့ တတိယအဆက်ထိတိုင် ဝန်ကြီးချုပ်အဖြစ် ဆက်တိုက် တာဝန်ထမ်းဆောင် နိုင်ခြင်းသည် အိန္ဒိယနိုင်ငံသမိုင်း၌ ဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလာနေရူးပြီးနောက် ဒုတိယမြောက် ထိပ်တန်းတာဝန်ရှိသူ ဖြစ်လာသည်။

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းဦးစားပေး မူဝါဒအကောင်အထည်ဖော်မှုကို သက်သေ ပြသည့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များကိုလည်း ဝန်ကြီးချုပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဂုဏ် သရေရှိဧည့်သည်များအဖြစ် ဖိတ်ကြားသည်။

အသက် ၇၃ နှစ်ရှိနေပြီဖြစ်သည့် နာရန် ဒရာမိုဒီသည် ဇွန်လ ၁ ရက်တွင်ပြီးဆုံးသွားသော အထွေထွေရွေးကောက်ပွဲ၌ ဒေသတွင်း ပါတီ ၁၄ ခု၏ထောက်ခံမှုနှင့်အတူ ၎င်း၏ BJP ပါတီဦးဆောင်မှုဖြင့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

နာရန်ဒရာမိုဒီ၏   ပြီးခဲ့သည့်အစိုးရသက်တမ်းကာလအတွင်း   ဝန်ကြီးချုပ်ဦးစီးဝန်ကြီးများကောင်စီကို ဝန်ကြီး ၇၈ ဦးဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး    ၎င်းတို့တွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၂၉ ဦးနှင့် ပြည်နယ်ဝန်ကြီး ၄၇ ဦးတို့ပါဝင်ကြောင်းသိရသည်။

Ref: TOI

Dates: 
Monday, July 15, 2024 - 03:39