မော်လမြိုင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်း ဆောင်ရွက်

 

မော်လမြိုင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်း ဆောင်ရွက်

 

မော်လမြိုင်  ဇွန်  ၉

 

မွန်ပြည်နယ် မော်လမြိုင်မြို့  ရိုးဂိုးကျေးရွာ၌ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်း ပြုလုပ်ကြောင်း   သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေ ပြည်သူများအား  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများမှ အဆင်ပြေချောမွေ့စေရေး ကွင်းဆင်းဆောင်ရွက်ရာ  အိမ်ထောင်စုခြောက်စု နိုင်ငံသားစိစစ်ရေးကတ် ၁၆၀ ဦးနှင့် Biographic/ Biometric Data (UID) ကောက်ယူသူ  ၃၁၅ ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ပြည်သူများ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်အဆင်ပြေစေရေး မွန်ပြည်နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သွင်နှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။            

Dates: 
Monday, July 15, 2024 - 04:09