မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၅
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ခန်းမဆောင်သစ်(OT Complex) သို့ ရောက်ရှိပြီး ခွဲစိတ်ခန်းသစ်များတွင် ခွဲစိတ်ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်ချုပ်မှု အဖွဲ့ဝင်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများအား တွေ့ဆုံကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။