မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၅
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်နှင့်ငွေရေးကြေးရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု၊ ချေးငွေ၊ နည်းပညာ အကူအညီပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးနိုင်မှု ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။