အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာ ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း  

 

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာ ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း   

 

- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊  လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/    ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊  အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့်  တုတ်နှင့်ကော်ပိုက်/  သံပိုက်များယူဆောင်၍ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အတွင်းသို့    ဝင်ရောက်ခွင့်မပြုပါ။

- လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

- သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျလက်ဆေးခြင်း၊  အသင့်စီစဉ် ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို   ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

- ဗိုလ်တထောင်မြို့နယ်၊  သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့်နော်ရထာလမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသောပစ္စည်း(၁၀)မျိုး စစ်ဆေးခြင်း၊   အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)     ဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံ မှန်ကန်စွာ စာရင်းပေးသွင်းရန်  (နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) ဝန်ထမ်းကတ်(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြား) ယူဆောင်လာပါရန်။

-ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ  ရှေ့နောက်၊ ဘေးတိုက် အကွာအဝေးများ ကို(၆)ပေ အကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့်  နေရာများအလိုက် တာဝန်ရှိသူများ၏  စီစဉ်ဆောင်ရွက်မှုကို   ပူးပေါင်းပါဝင်ရန်။

- ကိုယ်အပူချိန်မြင့်ခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ   စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက် အတိုင်း  လိုက်နာ ဆောင်ရွက်ရန်။      

- အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် တာဝန်ထမ်းဆောင်နေကြ သူများ၏ စီစဉ် ဆောင်ရွက် ပေးမှုနှင့် အညီ လိုက်နာဆောင်ရွက်ရန်။

- အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး(၆)ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦး နှင့်တစ်ဦး(၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

-ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပေးချက်၊ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။

- သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ အနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။

- ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုရန်။