လပေါ်တွင် အာကာသယာဉ်မှူးများ နေနိုင်မည့် လိုဏ်ဂူတစ်ခုရှိ
လပေါ်တွင် အနာဂတ် အာကာသယာဉ်မှူးများ နေနိုင်မည့် လိုဏ်ဂူတစ်ခုရှိကြောင်းနှင့် ထိုလိုဏ်ဂူသည် လွန်ခဲ့သော ၅၅ နှစ်က နေးအမ်းစထရောင်းနှင့် ဘတ်အယ်ဒရင်းတို့ ဆင်းသက်ရာ နေရာအနီးတွင်ရှိကြောင်း သိပ္ပံပညာရှင်များက အတည်ပြုလိုက်သည်။
ထို့ပြင် နောက်ထပ် လိုဏ်ဂူရာပေါင်းများစွာသည်လည်း ယင်းနှင့်မနီးမဝေးတွင် ထပ်ရှိနိုင်သေးသည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
အာကာသယာဉ်မှူးများ နေနိုင်မည့် လိုဏ်ဂူသည် Apollo 11 ဆင်းသက်ရာ နေရာမှ မိုင် ၂၅၀ ခန့်အကွာ Sea of Tranquility၌ တည်ရှိနေခြင်းဖြစ်သည်။
အဆိုပါလိုဏ်ဂူသည် ချော်ရည်စီးကြောင်း ပျက်စီးမှုကြောင့်ဖြစ်ပေါ်လာသည့် လိုဏ်ဂူဖြစ်နိုင်ကြောင်း NASA၏ လလေ့လာရေး အာကာသယာဉ်မှပေးပို့သော ရေဒါအချက်အလက်များကို ပညာရှင်များက သုံးသပ်၍ အတည်ပြုလိုက်ခြင်းဖြစ်သည်။
ရေဒါအချက်အလက်များအရ ထိုလိုဏ်ဂူသည် အကျယ်အားဖြင့် အနည်းဆုံး ပေ ၁၃၀ ခန့်ရှိကာအရှည်မှာ ကိုက်ပေါင်းများစွာ ရှိနိုင်သည်ဟု သိရသည်။