ဒေါ်နယ်ထရမ့်က ဂျေဒီဗန့်ကိုမိတ်ဖက်အဖြစ် ရွေးချယ်မှု ယူကရိန်းအတွက် ကပ်ဆိုက်မှုဖြစ်

 

ဒေါ်နယ်ထရမ့်က ဂျေဒီဗန့်ကိုမိတ်ဖက်အဖြစ် ရွေးချယ်မှု ယူကရိန်းအတွက် ကပ်ဆိုက်မှုဖြစ်

 

    ဒေါ်နယ်ထရမ့်က    ဂျိမ်းဒေးဗစ်ဗန့် (ဂျေဒီဗန့်)ကို ဒုတိယသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်လိုက်မှုသည် ယူကရိန်း အတွက် ကပ်ဆိုက်မှုဖြစ်ကြောင်း  ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတစ်ဦးက  ပြောသည်ဟု Politico သတင်းဌာနက ဇူလိုင်လ ၁၆ ရက်တွင် ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်သည် ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပသော ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပွဲသို့ တက်ရောက်လာပြီး   ရွေးကောက်ပွဲတွင် ၎င်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်မည့် မိတ်ဖက်အဖြစ် ဂျေဒီဗန့်ကို ရွေးချယ်လိုက် ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ရီပတ်ဘလစ်ကန်ပါတီက ၎င်းတို့၏ တရားဝင်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်နယ်ထရမ့်ကို ရွေးချယ် လိုက်ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်အနေဖြင့်   ပြီးခဲ့သည့် ရက်ပိုင်းတွင်  ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းခံရမှုမှ သီသီလေး လွတ်မြောက်လာပြီးနောက် ပစ်ခတ်ခံရမှုတွင် ရရှိသည့် နားရွက်ဒဏ်ရာကို ပတ်တီးစည်းကာ  လူမြင်ကွင်းသို့ ပထမဆုံးအကြိမ်   ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျေဒီဗန့်သည် လက်ရှိအမေရိကန် အစိုးရက ယူကရိန်းအပေါ် ဒေါ်လာဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးနေမှုများကို အပြစ်တင် ဝေဖန်ထားသူဖြစ်ပြီး ရုရှားနှင့် ဆွေးနွေးမှုများ လုပ်ရန် တောင်းဆိုထားသူဖြစ်သည်။

ထို့ပြင် ယူကရိန်းအနေဖြင့် ၁၉၉၁ ခုနှစ်တွင် ရှိဖူးသော နယ်စပ်မျဉ်းများအတိုင်း ပြန်လည်ရရှိရေး ကြိုးပမ်းမှုမှာ လက်တွေ့မဆန် ကြောင်း ဂျေဒီဗန့်က ပြောထားသည်။

အလားတူ  ယူကရိန်းနိုင်ငံ အနေဖြင့် လက်ရှိရင်ဆိုင်နေရသော   ပဋိပက္ခများကို ဖြေရှင်းရေးအတွက် ဆွေးနွေးမှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဂျေဒီဗန့်က ယုံကြည်ထားသည်။ 

Dates: 
Wednesday, July 17, 2024 - 11:53