မိုဒီအပေါ် ဇီလန်စကီ၏ မှတ်ချက်ပြုစကားကို အိန္ဒိယက ယူကရိန်းသံအမတ် ဆင့်ခေါ်ကန့်ကွက်
ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအပေါ် ယူကရိန်းသမ္မတ ဇီလန်စကီ၏ မှတ်ချက်ပြုစကားနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရက ယူကရိန်းသံအမတ်ကို ဆင့်ခေါ်ကာ တရားဝင်ကန့်ကွက်လိုက်ကြောင်း သိရ သည်။
အိန္ဒိယဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့၏ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကို အကြီးအကျယ် ပျက်စီးစေသည်ဟု ဇီလန်စကီက ပြောခြင်းဖြစ်သည်။
ထို့နောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ဆင့်ခေါ်၍ တရားဝင် ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ The Economic Timesသတင်းစာက ဇူလိုင်လ ၁၅ ရက်တွင် ဖော်ပြထားသည်။
ထို့ပြင် အိန္ဒိယအစိုးရက ယူကရိန်းအစိုးရ နှင့် နှစ်နိုင်ငံကြား ကျင်းပမည့် ယဉ်ကျေးမှု ဆိုင်ရာ အလုပ်သဘော အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းလိုက်သည်။
မိုဒီသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီး ယူကရိန်း ပဋိပက္ခပြေလည်ရေး အပါအဝင် ကိစ္စများစွာကို ဆွေးနွေးခဲ့ကြောင်း သိရသည်။