နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို

နာတာရှည်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေလို

နှစ်စဉ် ဇွန်လပထမပတ်၏ တနင်္ဂနွေနေ့ ကို  National Cancer Survivors Day အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးကသတ်မှတ်ထားကြပြီး ထိုနေ့သို့ရောက်တိုင်း ကင်ဆာရောဂါများနှင့် ပတ်သက်သော ကျန်းမာ သုတမျှဝေပွဲကို ကျင်းပလေ့ရှိကြသည်။ ထိုသို့ အထူးတလည် သတ်မှတ်ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ ကင်ဆာရောဂါများ ခံစားရသော်လည်း အသက်ရှင်သန်နိုင်ကြောင်း၊ နာတာရှည် ကင်ဆာရောဂါ ဝေဒနာသည်များကို စိတ်ဓာတ်ခွန်အားဖြစ်စေရန်၊ အချိန်မီကုသမှုခံယူရန်နှင့် ကင်ဆာ ရောဂါကြောင့်  သေဆုံးသူဦးရေ လျှော့ချနိုင်ရန် စသည်တို့ဖြစ်သည်။

ကင်ဆာရောဂါ

လူသားအားလုံး၏ ခန္ဓာကိုယ်ထဲတွင် ကင်ဆာဆဲလ်များက အလိုအလျောက်ဖြစ် တည်နေကြပြီး    လူတစ်ယောက်၏ဘဝ တစ်သက်တာတွင် ကင်ဆာဆဲလ်များက ပျမ်းမျှအားဖြင့် ခြောက်ကြိမ်မှ ၁၀ ကြိမ် အထိ ပေါ်လာတတ်ကြသည်။ ကင်ဆာဆဲလ်များသည် သန်းထောင်ပေါင်းများစွာ ပွားမလာမချင်း   ပုံမှန်ရောဂါရှာဖွေ စစ်ဆေးချက်များတွင် ကင်ဆာရောဂါဆိုသည်ကို ဖော်ပြလာမည်မဟုတ်သေးပေ။  ခန္ဓာကိုယ်ကို ဆဲလ်များဖြင့် တည်ဆောက်ထားပြီး ဆဲလ်အဟောင်းများ ပြိုကွဲသွားချိန်တွင် ဆဲလ် အသစ်များ အစားထိုးဖြစ်ပေါ်လာလေ့ရှိသည်။  ထိုသို့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မျိုးမဟုတ်ဘဲ  ဆဲလ်များမူမမှန်၍  အတိုင်းအဆမရှိ ပွားများလာပြီးနောက် တခြားသော အင်္ဂါအစိတ်အပိုင်းများအတွင်း ဝင်ရောက် ခြင်းဖြင့် အလုံး၊ အဖု၊ အကျိတ်များဖြစ်လာကာ ကင်ဆာရောဂါကို ဖြစ်စေသည်။ အဆိုပါ ကင်ဆာဆဲလ်များသည် သွေးကြောနှင့် သားနံရည်ကြောများမှတစ်ဆင့် တခြားသော အင်္ဂါအစိတ်အပိုင်းများအတွင်း ပျံ့နှံ့ရောက် ရှိသွားခြင်းကို ကင်ဆာအမြစ်ပွားသည်ဟု ဆိုကြသည်။

သို့သော် တချို့ဖြစ်စဉ်များတွင် ကင်ဆာအဖြစ် ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ အသားပို၊ အကျိတ်အနေ အထားမျိုးဖြင့်သာ တည်ရှိနေသည်။ ယင်းအကျိတ်ကလည်း တစ်ချိန်ချိန်တွင် ကင်ဆာဖြစ်လာနိုင်၍ မပေါ့ဆသင့်ပေ။ ကင်ဆာရောဂါသည် သေဆုံးမှုအများဆုံးရောဂါဖြစ်ပြီး ကမ္ဘာတစ်ဝန်း လက်ရှိအချိန်ထိ ကင်ဆာအမျိုး အစားပေါင်း ၂၀၀ မကရှိနေပြီဖြစ်သည်။ ကင်ဆာရောဂါဝေဒနာသည်များအတွက် အထိရောက်ဆုံး   အသက်ကယ်နည်းမှာ ရောဂါမကျွမ်းမီ အချိန်မီသိရှိရန် လိုသည်။

ဆဲလ်တစ်ခုတွင် စတင်ဖြစ်ပွားခဲ့သော ကင်ဆာအကျိတ်တစ်ခုသည် ခန္ဓာကိုယ်၏ တခြားသော အင်္ဂါ အစိတ်အပိုင်းတစ်ခုသို့ ပျံ့နှံ့သွားသည်ဖြစ်စေ၊ ခွဲစိတ်ဆရာဝန်က အကျိတ်တစ်ခုလုံး ကုန်စင်အောင် မထုတ်နိုင်ခဲ့လျှင်ဖြစ်စေ ယင်းကင်ဆာရောဂါ ပြန်လည်ဖြစ်ပေါ်လာတတ်သည်။

မြန်မာနိုင်ငံနှင့် ကင်ဆာအခြေအနေ

လေ့လာမှုမှတ်တမ်းများအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ တွင်းနိုင်ငံများ၌  ကင်ဆာ ရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် ပိုမိုများပြားလာကြောင်း၊ ထိုသို့ဖြစ်ပွားမှုနှုန်းအရ အရှေ့တောင်အာရှဒေသ တွင် ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းထားမှာ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၇၀ ရာခိုင်နှုန်းခန့်အထိ   မြင့်တက်လာနိုင်ကြောင်း သိရသည်။  ယနေ့မြန်မာနိုင်ငံ၌  အမျိုးသားများမှာ အဆုတ်ကင်ဆာ သို့မဟုတ်  ခံတွင်းကင်ဆာ ရောဂါအဖြစ်များ နေကြပြီး ထိုကင်ဆာနှစ်မျိုးစလုံးသည် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် ဆက်နွှယ်နေသည်။ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာနှင့် ရင်သား ကင်ဆာ များ အဓိကဖြစ်ပွားနေကြသည်။ ကျန်းမာရေးဗဟုသုတ နည်းပါးနေကြသဖြင့် ရောဂါကို စောစီးစွာ   စနစ်တကျ ရှာဖွေစစ်ဆေးခြင်းနှင့် ထိရောက်စွာဆေး၀ါးကုသမှု အားနည်းနေကြသဖြင့် သေဆုံးမှုမြင့် တက်နေခြင်းဖြစ်သည်။

ဆင်ခြင်သင့်သော ဘဝနေထိုင်မှုပုံစံ

ခန္ဓာကိုယ်နှင့် စိတ်နေသဘောထား ပြဿနာကြောင့် ကင်ဆာရောဂါဖြစ်လာရသည်။ စိတ်တိုဒေါသ ထွက်လွယ်ခြင်း၊ ခွင့်မလွှတ်တတ်ခြင်း၊ အာဃာတကြီးခြင်း၊ အဆိုးမြင်တတ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း  ဖိအားဖြစ်စေကာ အက်စစ်များ ထွက်ရှိလာသည်။ အဆိုပါအက်စစ်က ခန္ဓာကိုယ်အတွက်  ကင်ဆာဖြစ် စေသည်။ အိပ်ချိန်မှန်ကန်ခြင်း၊ စားသောက်ပုံနည်းလမ်းကျခြင်း၊ အသင့်အတင့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း စသည့်ကျန်းမာရေးနှင့်အညီ လူနေမှုဘဝပုံစံများအတိုင်း နေထိုင်နိုင်ပါက ကင်ဆာရောဂါ ၁၀ မျိုးတွင် လေးမျိုးထက်ပိုသော ကင်ဆာရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။

ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ

ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းက ကင်ဆာရောဂါဖြစ်နိုင်သည့် အကြီးမားဆုံး အန္တရာယ်ဖြစ်သည်။  သဘာဝ နည်းမဟုတ်ဘဲ အနံ့၊ အရသာကောင်းအောင် ပြုပြင်ဖန်တီးထားသည့် ကျန်းမာရေးနှင့် မညီညွတ်သော အသင့်စားအစားအသောက်များက ကင်ဆာရောဂါဖြစ်ပွားနှုန်းကို ဒုတိယအဆင့်တွင် ရှိစေသည်။ အဝလွန်ခြင်းက ကင်ဆာရောဂါဖြစ်ပွားနှုန်းကို တတိယအဆင့်တွင် ရှိစေသည်။ အရက် အလွန်အကျွံ သောက်ခြင်းက ကင်ဆာရောဂါဖြစ်ပွားနှုန်းကို စတုတ္ထအဆင့်တွင် ရှိစေသည်။ ကိုယ်လက် လှုပ်ရှား အားကစားမရှိခြင်းကလည်း  ကင်ဆာရောဂါဖြစ်စေနိုင်သော အန္တရာယ်အဆင့်တွင်ရှိနေသည်။  စိတ်ချမ်း သာမှုက  ရောဂါဝေဒနာများကို  လျော့ပါးသက်သာရာရစေသည့်အတွက် ကိုယ်စိတ်နှစ်ပါးကို ပျော်ရွှင် အောင် ကြိုးစားနေထိုင်သင့်သည်။

ကင်ဆာဆဲလ်များက အောက်ဆီဂျင်ကို ကြောက်ကြသည်။ ထို့ကြောင့် ကိုယ်တွင်းရှိ ဆဲလ်အထိ အောက်ဆီဂျင် များများရောက်ရှိစေရန် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ အသက်ပြင်းပြင်း ရှူရှိုက်ခြင်းများ လုပ်ဆောင်ပေးသင့်သည်။ ရေခဲသေတ္တာ အတွင်း ပလတ်စတစ် ရေသန့်ဘူးများ မထည့်ဘဲ သောက်ရေကို ဖန်ပုလင်းဖြင့် ထည့်ထားခြင်းက ပိုကောင်းသည်။ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဘူး၊ ခွက်များကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲတွင် လုံးဝထည့်မသုံးပါနှင့်။  ကင်ဆာရောဂါ ဝေဒနာသည် များတွင် ကျန်းမာသော ဆဲလ်များတည် ဆောက်စေရန် ခန္ဓာကိုယ်ထဲတွင် စွမ်းအား မြှင့်အင်ဇိုင်းများ  အလုံအလောက်ရရှိရန် လိုအပ်သည်။ ထို့ကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံတို့ကို တစ်ရက်လျှင်  နှစ်ကြိမ်မှ  သုံးကြိမ်အထိ   စားပေးရန်လိုအပ်သည်။  အပင်မှရသော ထိုအင်ဇိုင်းဓာတ်များကို ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်သဖြင့် စားသောက်ပြီးနောက် ၁၅ မိနစ် အတွင်းမှာပင် ခန္ဓာကိုယ်၏ ဆဲလ်များဆီသို့ ရောက်ရှိနိုင်သည်။ အင်ဇိုင်းအာဟာရဓာတ်များ အပြည့်အဝ ရရှိနိုင်စေရန်  ဟင်းသီးဟင်းရွက်များကို   အချိန်ကြာကြာမချက်ပြုတ်သင့်ပေ။

ကင်ဆာဆဲလ်များကိုနိုင်သော အစားအစာများ

ပန်းဂေါ်ဖီစိမ်းထဲတွင် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်သော သဘာဝ Indole 3-carbinol  ဓာတ်ပါရှိနေ၍ အမျိုးသမီးများ မကြာခဏစားပေးသင့်သည်။ ထို့ပြင် အူမကြီးနှင့် စအိုကင်ဆာတို့ ကိုလည်း မဖြစ်စေနိုင်ပေ။ ကြက်သွန်ဖြူထဲရှိ ဓာတ်ပေါင်းစုများက သွေးဖြူဥများဖြင့် ရောဂါပိုးကို ခုခံနိုင်သော အစွမ်းသတ္တိရှိစေ၍ ကင်ဆာရောဂါကို သေစေသည်။ အထူးသဖြင့် ကြက်သွန်ဖြူက အစာအိမ်ကင်ဆာအတွက် သဘာဝအားဆေး ဖြစ်သည်။ မုန်လာဥနီက အဆုတ်၊ အစာအိမ်၊ ဆီးကျိတ်၊ ဆီးအိမ်၊ အူကင်ဆာတို့မဖြစ်အောင်   ကာကွယ်ပေးနိုင်သဖြင့် နေ့စဉ် စားပေးသင့်သည်။ မှိုထဲရှိ ပရိုတင်း ဓာတ်တစ်မျိုးက ကင်ဆာဆဲလ်များကို တိုက်ထုတ်ပေးသည့်အပြင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ ဆက်လက် မပြန့်ပွားအောင် ဟန့်တားပေးသည်။ ထို့ပြင် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။ ဗာဒံစေ့၊ မြေပဲ၊ သစ်ကြားသီးကဲ့သို့  အခွံမာသီးမှရရှိသော  အစေ့ အဆန်များမှာ Quercetin  နှင့်  Kaemp-ferol  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံအလောက်ပါရှိနေ၍ ကင်ဆာဆဲလ်များ ကြီးထွား လာမှုကို ရပ်တန့်စေသည်။ သင်္ဘောသီးထဲရှိ အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက ကင်ဆာရောဂါ ကို တိုက်ထုတ်ပေးနိုင်သည်။ ဝက်အူချောင်း၊ ဝက်သားပြား၊ ငါးသေတ္တာ စသည့် တာရှည်ခံအောင် ပြုလုပ်ထားသော စည်သွတ်ဘူးများကြောင့် ခဲဆိပ်တက်ခြင်းမှလည်း သင်္ဘောသီးစားခြင်းဖြင့် ပြေ ပျောက်စေသည်။  ထောပတ်သီးထဲရှိ   ပိုတက်စီယမ်ဓာတ်က ငှက်ပျောသီးထဲတွင်ပါရှိမှုထက် ပိုမိုသည်။ ထို့ပြင် ထောပတ်သီးမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်နှက်နေ၍ ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်စေနိုင်သော အဆီဆဲလ်များကို စုပ်ယူပစ်နိုင်သည်။ စပျစ်သီးထဲတွင် ဗီတာမင်စီနှင့်   ဖောလစ် အက်စစ်တို့   ကြွယ်ဝစွာပါရှိ၍ ရင်သားကင်ဆာကို ကာကွယ်ပေးသည်။

ထို့ပြင် ခန္ဓာကိုယ်ထဲရှိ ဘေးဥပဒ်ဖြစ်စေသောဆဲလ်များကို တိုက်ထုတ်ပေးသည်။ ခရမ်းချဉ်သီးထဲရှိ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်မြက်စေကာ ကင်ဆာဖြစ်စေသော ဆဲလ်များ ကို ဖျက်ဆီးပေးသည်။ ဓာတ်ခွဲစမ်းသပ်ချက်များအရ ခရမ်းချဉ်သီးထဲတွင်ပါရှိနေသော သဘာဝ  lycopene ဓာတ်က ခံတွင်းကင်ဆာဆဲလ်များကို သတ်ပေးနိုင်ကြောင်း သိရသည်။ လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာပမာဏရှိသော နနွင်းမှုန့်နှင့် သံလွင်ဆီတို့ကို ဆတူရော၍ ယင်းအရောအနှောထဲသို့   လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံပမာဏရှိသော အနက်ရောင်ငရုတ်ကောင်းမှုန့်ထည့်၍ သမအောင် ရောမွှေပြီး တစ်ရက်လျှင် တစ်ကြိမ်မျှ သောက်ပေးရုံဖြင့် အူမကြီးကင်ဆာ၊ ဦးနှောက်ကင်ဆာ၊  အဆုတ်ကင်ဆာနှင့် အသည်းကင်ဆာတို့မှ ကာကွယ်ပေးနိုင်သည်။ 

အစိမ်းရင့်ရောင်အရွက်ရှိပြီး ဖယောင်းပန်းနှင့်သဏ္ဌာန်တူသော အပွင့်များပွင့်သည့်  အပင်ကြီးတစ်မျိုးမှ ရရှိသော Magnolia ပန်းပွင့်သည် ဦးခေါင်းနှင့်လည်ပင်းကင်ဆာအကျိတ်များကို ကျုံ့ဝင်သွားစေနိုင် သည့် အစွမ်းရှိသဖြင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့၌ ရိုးရာတိုင်းရင်းဆေးအဖြစ် နှစ်ပေါင်းရာချီ၍ အသုံးပြု လာခဲ့ကြသည်။ ဘရာဇီးနိုင်ငံရှိ သိပ္ပံပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ အင်းဆက် ပိုးမွှား တစ်မျိုးဖြစ်သော နကျယ်ကောင်၏ အဆိပ်သည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်း   တွေ့ရှိခဲ့ကြသည်။ နာကျယ်ကောင်၏ MPI ဟု  အမည်ပေးထားသော ယင်းအဆိပ်မှ သတ်ပစ်နိုင်သော ကင်ဆာများမှာ ဆီးအိမ်၊ ဆီးကျိတ်နှင့် သွေးဖြူဥကင်ဆာဆဲလ်များ ဖြစ်ကြောင်း၊ MPI အနေဖြင့်   တခြား ကျန်းမာရေး ကောင်းမွန်နေသော ဆဲလ်များကို ထိခိုက်စေနိုင်ခြင်းမရှိသောကြောင့် သုတေသီများက ယင်းအဆိပ်ကို မည်ကဲ့သို့အသုံးပြုရမည်ဟူသော နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

ရှောင်ရန် အစားအစာများ

ဆွတ်ဆွတ်ဖြူဖွေးနေသောသကြားများက ကင်ဆာအတွက်  အာဟာရဖြစ်သည်။ ယင်းကင်ဆာဆဲလ်ကို    အားပေးသော အာဟာရကို ဖြတ်တောက်ပစ်သည့်အနေဖြင့် သကြားကို လုံးဝမစားသင့်ပေ။ ထို့ပြင် Nutra Sweet, Equal,  Spoonful  စသည့် သကြားအစားထိုး အချိုအရသာများ တွင် လည်း Aspartame ဓာတ်များပါဝင်နေ၍ ကင်ဆာရောဂါဝေဒနာရှင်များကို ထိခိုက်စေနိုင်သည်။ သကြားကိုရှောင်၍ ပျားရည်  သို့မဟုတ်  တင်လဲရည်တို့ကို  သင့်တင့်ရုံ  ပမာဏမျှ  စားပေးနိုင်သည်။ နွားနို့၊ ဆိတ်နို့၊ ကျွဲနို့ စသည့် တိရစ္ဆာန်ထွက်နို့များသည် လူ့ခန္ဓာကိုယ်တွင်း  အစာအိမ်နှင့် အူလမ်းကြောင်း မှအကျိအချွဲများ ပုံမှန်ထက် ပို၍ ထွက်လာစေသည်။ ထိုအကျိအချွဲများကို ကင်ဆာဆဲလ်များက စားသုံးပစ်ခြင်းကြောင့်လည်း ကင်ဆာဆဲလ်များ အားကောင်းလာအောင် တွန်းအားပေးရာ ရောက်နေသည်။ 

ထို့ကြောင့်  ကင်ဆာရောဂါသည်များအနေဖြင့်  နို့ထွက်ပစ္စည်းများကိုရှောင်၍ သကြားမပါသော ပဲနို့ရည် ကိုသာ သောက်ပေးသင့်သည်။ ပဲနို့ရည်က ကင်ဆာဆဲလ်များကို ယုတ်လျော့စေရုံသာမက လူကို ခွန်အားဖြစ်စေသည်။ အမဲသား၊ ဝက်သား စသည့် အနီရောင်အသားများက အက်စစ်ထွက်ရှိမှုကို အားပေးသည့်အပြင် ပရိုတင်းဓာတ်က အစာကျေညက်ရန် ခက်ခဲသွားစေသောကြောင့်  ခန္ဓာကိုယ်ထဲ တွင်  အစာခြေအင်ဇိုင်းအများအပြားရှိရန် လိုအပ်သည်။ အကယ်၍ ခန္ဓာကိုယ်ထဲတွင် အင်ဇိုင်းမလုံ လောက်ပါက ကင်ဆာဆဲလ်များကို သုတ်သင်ရန် ခက်ခဲစေပါလိမ့်မည်။ ထိုအသားများကို စားသုံး သောအခါ အစာမကြေပါက အသားများ ပုပ်သိုးသွားပြီး လူကိုအဆိပ်အတောက်ဖြစ်စေသည်။ ထို့ပြင်  ဝက်၊  ကြက်  စသည့်တိရစ္ဆာန်များကို  မွေးမြူရာတွင် သုံးလေ့ရှိသော ပဋိဇီဝဆေးများ၊ ကြီးထွား ဟော်မုန်းဆေးများနှင့် ယင်းတိရစ္ဆာန်များမှပါလာသော  ကပ်ပါးပိုးများက ကင်ဆာရောဂါသည်များကို ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါဝေဒနာ သည်များအနေဖြင့် ငါးများများ စားသင့်ပြီး ကြက်သားကို    အသင့်အတင့်စားပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။                       

ပေါက်ပေါက်

Dates: 
Thursday, July 18, 2024 - 04:41