ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၇

    မြန်မာနိုင်ငံရှိ ဆေးဝါးသုံးစွဲသူပြည်သူများ ပြည်တွင်း၌ သင့်တင့်မျှတသည့်စျေးနှုန်းများ ဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ် ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူ ပြည်သူများသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဇူလိုင် လ ၁၇ ရက်မှ ၃၁ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့ နှင့် အများပြည်သူ ရုံးပိတ်ရက်မှအပ-နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ)ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိတို့ ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို အဆိုပါ ဆေးရောင်းချပွဲတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 18, 2024 - 09:50