ဘန်ကောက်မြို့ ဟိုတယ်တစ်ခုတွင် သေဆုံးခဲ့သည့် နိုင်ငံခြားသား ခြောက်ဦးမှာ အဆိပ်မိခဲ့ခြင်းဖြစ်ဟု ထိုင်းထုတ်ပြန်

 

ဘန်ကောက်မြို့ ဟိုတယ်တစ်ခုတွင် သေဆုံးခဲ့သည့် နိုင်ငံခြားသား ခြောက်ဦးမှာ အဆိပ်မိခဲ့ခြင်းဖြစ်ဟု ထိုင်းထုတ်ပြန်

 

    ထိုင်းနိုင်ငံ    ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးလျက် တွေ့ရှိခဲ့သည့် နိုင်ငံခြားသား ခြောက်ဦးမှာ အဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း   အာဏာပိုင်အဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူများမှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးဖြစ်ပြီး ၎င်းတို့အားလုံးသည် ဟိုတယ်ရှိအခန်းတစ်ခုထဲတွင် ဇူလိုင်လ ၁၆ ရက်က   သေဆုံးနေခြင်းဖြစ်ကြောင်း၊ သေဆုံးရသည့် အကြောင်းရင်းမှာ ဆိုက်ယာနိုက်အဆိပ် မိခြင်းဖြစ်ကြောင်း၊ သေဆုံးသူများအနက်   အမေရိကန်-ဗီယက်နမ် နိုင်ငံသား ရှရိုင်းချုန် အမည်ရှိ အမျိုးသမီးက ကျန်ငါးဦးကို  အဆိပ်ခတ်ပြီးနောက် ၎င်းကိုယ်၎င်းသတ်သေသွားခြင်းဖြစ်ကြောင်း ချူလာလောင်ကွန်း ဆေးရုံကပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးကြည့်ရာ  ဆိုက်ယာနိုက် အဆိပ်ကို တွေ့ရှိရကြောင်း  ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကွန်း ကီးယက် ဗောင်ပိုင်ဆန်းဆင်က ပြောသည်။ စုံစမ်းစစ်ဆေးသူများသည် သေဆုံးသူတစ်ဦး၏ သမီးတစ်ဦး အပါအဝင် မျက်မြင်သက်သေများ၏ ပြောဆိုချက်များကို ကောက်ချက်ချပြီးနောက် အမှုကို ဖော်ထုတ်နိုင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သေဆုံးသူများသည် သေဆုံးပြီးနောက် ၂၄ နာရီအကြာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ပွားသည့် အဆိပ်ခတ်မှုသည် ကြွေးမြီကိစ္စနှင့် ဆက်နွှယ်လျက်ရှိကြောင်း   သိရသည်။ ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်သူများအပေါ်  သက်ရောက်မှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဝန်ကြီးချုပ် ဆေထာထဝီဆင်က  ညွှန်ကြားခဲ့ကြောင်း သိရသည်။

Dates: 
Thursday, July 18, 2024 - 10:40