ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကွင်းဆင်းဆောင်ရွက် Foundation For Life and Culture Movement ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ
နေပြည်တော် ဇွန် ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် မြို့ဦးပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍ၀မဟာထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့ အနော်ရထာရပ်ကွက်ရှိ အားမာန်သစ် စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း ပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင် များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြားပြီး တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မိုးစပါးအတွက် ဓာတ်မြေသြဇာများကို ပေးအပ်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် အောင်မြေရိပ်သာကျေးရွာကွင်းအမှတ်(၁၄၁၇)တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေနှမ်းသီးနှံပေါင်ကြီးတင် စံပြကွက် ၁၀ ဧက စိုက်ခင်း၌ အောင်မြင်ဖြစ်ထွန်းနေသည့် နွေနှမ်းသီးနှံများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့််အဖွဲ့ဝင်များသည် ပျဉ်းမနားခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုနှင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုရကျောင်းများနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့်ကျေးရွာများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြ သည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် Foundation For Life and Culture Movement ကိုရီးယားကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌တွေ့ဆုံ၍ မြန်မာ နိုင်ငံမှ စိုက်ပျိုးရေးနှင့်မွေးမြူရေး အလုပ်သမားများ ရာသီလုပ်သားခေါ်ယူရေးနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကြောင်း သတင်းရရှိသည်။