ဂျာမနီတွင် ဒုံးကျည်များဖြန့်ကြက်မည့် အမေရိကန်၏အစီအစဉ်ကို တုံ့ပြန်သည့် အနေဖြင့် နျူကလီးယား ဒုံးကျည်များကို ဖြန့်ကြက်နိုင်ဖွယ်ရှိဟု ရုရှားပြော
မော်စကို၊ စစ်ရေး
ဂျာမနီနိုင်ငံအတွင်း အမေရိကန်ကတာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မည့် အစီအစဉ်ကို တုံ့ပြန်သည့် အနေဖြင့် ရုရှားနိုင်ငံက ၎င်းတို့၏နျူကလီးယား ဒုံးကျည်များကို ဖြန့်ကြက်နိုင်ဖွယ်ရှိကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ကာလင်နီဂရက်ဒေသကို ကာကွယ်နိုင်ရေးအတွက် နျူကလီးယား ဒုံးကျည်များအား ဦးစားပေးအစီအစဉ်အဖြစ် ဖြန့်ကြက်နိုင်ဖွယ်ရှိကြောင်း အင်တာဖက် သတင်း အေဂျင်စီကဖော်ပြသည်။ အဆိုပါဒေသသည် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေး နီးယား နိုင်ငံတို့ကြားတွင် တည်ရှိသည်။
NATO အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပဒေသအားကာကွယ်ရေးအတွက် လာမည့် ၂၀၂၆ ခုနှစ်မှစ၍ အသံထက် မြန်သည့် လက်နက်စနစ်များအပါအဝင် တာဝေးပစ် ဒုံးကျည်များကို ဂျာမနီနိုင်ငံတွင် စတင်ဖြန့်ကြက် မည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်၏ အဆိုပါလုပ်ဆောင်မှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် လုပ်ဆောင်မည်ဟု ရုရှားက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Ref: ST