ပင်လယ်နက်ဒေသတွင် NATO ပိုမိုပါဝင်လာခြင်းသည် ခြိမ်းခြောက်မှုဖြစ်ဟု ရုရှားပြော
မော်စကို၊ လုံခြုံရေး
ပင်လယ်နက်ဒေသတွင် NATO အဖွဲ့က ပိုမိုပါဝင်လာခြင်းသည် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင် လျက်ရှိပြီး လိုအပ်သည့်တုံ့ပြန်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့က ဇူလိုင်လ ၁၈ ရက်တွင် ပြောသည်။
ပင်လယ်နက်ဒေသသို့ NATO အဖွဲ့၏ သင်္ဘောများ ပိုမိုဝင်ရောက်လာခြင်းနှင့် အထူးသဖြင့် ဘူဂေးရီးယား နှင့် ရိုမေးနီးယားနိုင်ငံတို့တွင် ယင်းအဖွဲ့က ပိုမိုပါဝင်လာခြင်းသည် နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပက်စကော့က ပြောကြားခြင်းဖြစ်သည်။
ပက်စကော့၏ အဆိုပါပြောကြားချက်သည် ယူကရိန်းအစိုးရက ၎င်းတို့၏ ရေတပ်ဆိုင်ရာ လုံခြုံရေး မဟာဗျူဟာကို ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံ၏ အဆိုပါ မဟာဗျူဟာအရ ယူကရိန်းအစိုးရအနေဖြင့် ၎င်းတို့၏ ရေတပ်ဖွဲ့အင်အား တောင့်တင်းစေရန်နှင့် ပင်လယ်နက်အတွင်း လုံခြုံရေးတည်ဆောက်ရန်တို့ ပါဝင်သည်။
ထို့ပြင် ယူကရိန်းအစိုးရ၏ မဟာဗျူဟာအရ NATO အဖွဲ့၏တပ်များကို ပင်လယ်နက်ဒေသတွင် အမြဲတမ်း ဖြန့်ကြက်ရေးတို့ ပါဝင်လျက်ရှိကြောင်း သိရသည်။
Ref: FP, Xinhua