အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ် ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၄၊ ဇွန် - ၇
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး)သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတောင်မြို့ ရှိနယ်မြေခံသင်တန်းကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ပစ်ခတ်နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက် ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသော အသင်း များအားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၈) သင်းဖြင့် ဇွန် ၄ ရက်နေ့မှယနေ့အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။