ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် အပူချိန်မြင့်တက်မှုကြောင့် တောမီးအန္တရာယ်စိုးရိမ်ရ

 

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် အပူချိန်မြင့်တက်မှုကြောင့် တောမီးအန္တရာယ်စိုးရိမ်ရ

 

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ဇူလိုင်လ ၁၉  ရက်က အပူချိန်သည် ၄၀ဒီဂရီအထိ မြင့်တက်လာခြင်းကြောင့် တောမီးလောင်ကျွမ်းမည့် အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

ပညာရှင်များ၏ ခန့်မှန်းချက်များအရ အပူချိန်မြင့်တက်လာမှုကြောင့် မာဆေးမြို့အနီး တောအုပ်အတွင်းရှိ ဒေသများသည် လာမည့် ရက်သတ္တပတ်တွင် တောမီးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်းသိရသည်။ ယခုနှစ်နွေရာသီအတွင်း  ဥရောပရှိ  နိုင်ငံအများအပြားသည် အပူချိန်မြင့်တက်မှုနှင့် အဆိုးရွားဆုံး ရင်ဆိုင်နေရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အပူလှိုင်း ဖြတ်သန်းခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကဲ့သို့သော ရာသီဥတု ဆိုးရွားမှုများအား မကြာခဏ ဖြစ်ပွားစေလျက်ရှိကြောင်း သိရသည်။

အလားတူပင်  အီတလီနိုင်ငံ  ရောမမြို့တော်အပါအဝင် နိုင်ငံအတွင်းရှိ မြို့ကြီး ၁၇ မြို့တွင်လည်း အပူလှိုင်း ဖြတ်သန်းမှု ဖြစ်ပွားနိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌လည်း အပူချိန်သည် ဇူလိုင်လ ၁၉ရက်တွင် ၃၁ ဒီဂရီအထိမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းနေ့သည် ယခုတစ်နှစ်လုံး၏ အပူပြင်းဆုံး နေ့ရက်ဖြစ်လာနိုင်ကြောင်း သိရသည်။                      

 Ref:ST