နည်းပညာချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦများ ထိခိုက်ခြင်းမရှိဟု ရုရှားပြော

 

နည်းပညာချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦများ ထိခိုက်ခြင်းမရှိဟု ရုရှားပြော

 

မိုက်ခရိုဆော့ဖ်ကုမ္ပဏီတွင် နည်းပညာချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးရှိဘဏ်များ၊ လေဆိပ်များ၊ ကမ္ဘာ့မီဒီယာကြီးများနှင့် စီးပွားရေးလုပ်ငန်းများ၌ လုပ်ငန်းလည်ပတ်မှုများ ပြတ်တောက်သွားပြီး    ထိခိုက်ခဲ့သော်လည်း  ရုရှားအခြေခံအဆောက်ဦများမှာ ထိခိုက်မှုမရှိကြောင်း မီဒီယာတစ်ခုကဖော်ပြသည်။

နည်းပညာချွတ်ယွင်းမှုသည် ဆိုက်ဘာလုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ထိုသို့အဆင့်မြှင့်တင်မှုလုပ်ဆောင်စဉ် ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ဆာဗာများနှင့် ကွန်ပျူတာအားလုံး ချိတ်ဆက်မှု  ပြတ်တောက်သွားခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိ အခြေခံအဆောက်အဦများမှာမူ ထူးထူးခြားခြား ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိကြောင်း ရုရှားလေကြောင်းလိုင်းတစ်ခုဖြစ်သည့်   Red Wings မှထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။  မိုက်ခရိုဆော့ဖ်ကုမ္ပဏီတွင် ဆိုက်ဘာလုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကြောင့်လည်ပတ်မှုများ ပြတ်တောက်ခဲ့ရသည့် ကုမ္ပဏီများတွင် အမေရိကန် Delta လေကြောင်းလိုင်း၊ အမေရိကန်လေကြောင်းလိုင်းတို့ ပါဝင်ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားခြင်းကြောင့်   အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ၎င်းတို့၏ ခရီးစဉ်များကို   ရပ်ဆိုင်း ခဲ့ရကြောင်း သိရသည်။ ထို့ပြင် အလက်စကာ၊ အိုဟိုင်းယိုး၊ အရီဇိုးနားနှင့် အခြားပြည်နယ်များတွင်လည်း ဆက်သွယ်ရေး စနစ်များ ပြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများက အာဏာပိုင်အဖွဲ့သို့ အရေးပေါ်အကူအညီ တောင်းခံမှုများ လုပ်ဆောင်ခဲ့ရသည်။

အလားတူပင် ဗြိတိန်နိုင်ငံ၏ အကြီးဆုံးမီးရထားပို့ဆောင်ရေး အော်ပရေတာကြီးဖြစ်သည့် Govia Thameslink Railway တွင်လည်း  ဆက်သွယ်ရေး ပြတ်တောက်မှုဖြစ်ပွားခြင်းကြောင့် မီးရထားခရီးစဉ်ကို ရပ်ဆိုင်း ရဖွယ်ရှိကြောင်း  ထုတ်ပြန်ထားသည်။ အိန္ဒိယလေကြောင်း လိုင်းတစ်ခုဖြစ်သည့် IndiGo တွင်လည်း ဆက်သွယ်ရေးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း အဆိုပါ လေကြောင်းလိုင်းက ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။               

Ref:Sputnik