ဖယ်ရာရီက ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့ အသင့်ပြင်ဆင်နေ

 

ဖယ်ရာရီက ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့ အသင့်ပြင်ဆင်နေ

 

ဖယ်ရာရီဆိုလျှင် လူငယ်တိုင်း၏ အိပ်မက်တစ်ခုလို့တောင်မှ   ပြောစမှတ်တွင်ရသည့် စွမ်းဆောင်ရည် မြင့်ပြိုင်ကား ဖြစ်သည်ဟု အများကသိရှိပြီး ဖြစ်သည်။

ထိုသို့သောပြိုင်ကားများအတွက် V8 နှင့် V12  အင်ဂျင်များကိုသာ အသုံးပြုရလေ့ရှိသော ဖယ်ရာရီကုမ္ပဏီက ယခုအခါ လျှပ်စစ်ကားများကိုထုတ်လုပ်ရန် အသင့်ပြင်ဆင်နေပြီဖြစ်သည်။

ဖယ်ရာရီကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် ဘီနီဒတ်တိုဗစ်နာက   ၎င်းတို့၏လျှပ်စစ်စွမ်းအင်သုံးကားများ လာမည့်နှစ်တွင် ထွက်ပေါ်လာတော့မည်ဟု အတည်ပြုပြောထားသည်။ ၂၀၂၆ ခုနှစ်တွင် အသုံးပြုသူများ လက်ဝယ်သို့ အရောက်ပေးပို့သွားမည်ဟု ဆိုသည်။

ဖယ်ရာရီလျှပ်စစ်ကားနှင့် ပတ်သက်၍ ဗစ်နာက   မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ   ထုတ်ဖော် ပြောထားခြင်း မရှိသော်လည်း   ထိုလျှပ်စစ်ကားသည် ဖယ်ရာရီ၏  နာမည်ကျော်ကြားမှုအတိုင်း စိတ်ကျေနပ်မှု အပြည့်ရရှိစေမည်ဟု ကတိပြုထားသည်။

လက်ရှိအချိန်တွင် ဖယ်ရာရီလျှပ်စစ်ကားအတွက်  ရှေ့ပြေးပုံစံကိုထုတ်လုပ်ထားပြီးဖြစ်ကာ လမ်းမထက်ပေါ်တွင် စမ်းသပ်မှုများ လုပ်နေပြီဖြစ်ကြောင်းနှင့် စမ်းသပ်မောင်းနှင်သူများကလည်း အဖိုးတန်သောမှတ်ချက်များ ပေးထားကြောင်း ဗစ်နာကဆက်ပြောသည်။

အဆိုပါ ဖယ်ရာရီလျှပ်စစ်ကားများကို မာရာနယ်လိုမြို့ရှိ အသစ်တည်ဆောက်ထားသော  ဖယ်ရာရီစက်ရုံ၌ တပ်ဆင်သွားမည်ဖြစ်သည်။ ထိုစက်ရုံသည်   အနာဂတ်လျှပ်စစ်ကားများအတွက်    ဗို့အားမြင့်ဘက်ထရီများနှင့် လျှပ်စစ်မော်တာများ အပါအဝင် ကားတစ်စီးအတွက်မရှိမဖြစ် အရေးပါသည့်အရာများကို အဓိကထုတ်လုပ် ပေးသွားမည်ဖြစ်သည်။

ဖယ်ရာရီကုမ္ပဏီသည် တစ်ဖက်တွင် လျှပ်စစ်ကားများကို ထုတ်လုပ်ရန် ပြင်ဆင်နေသော်လည်း သမားရိုးကျ လောင်စာစွမ်းအင်သုံး ကားများနှင့် ပေါင်းစပ်စွမ်းအင်သုံးကားများကိုလည်း အသုံးပြုသူများ၏ တောင်းဆိုချက် များအတိုင်း ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။

Ref: ArenaEV

K.H