ရုရှားတရားရုံးက အမေရိကန် သတင်းထောက်တစ်ဦးကို သူလျှိုမှုဖြင့် ထောင်ဒဏ် ၁၆ နှစ်ချမှတ်

 

ရုရှားတရားရုံးက အမေရိကန် သတင်းထောက်တစ်ဦးကို သူလျှိုမှုဖြင့် ထောင်ဒဏ် ၁၆ နှစ်ချမှတ်

 

      ရုရှားတရားရုံး တစ်ခုက အမေရိကန် သတင်းထောက် အီဗန်ဂျာရှကိုဗစ်ကို နိုင်ငံအတွင်း သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

Wall Street Journal  မှ အသက် ၃၂ နှစ်ရှိ အဆိုပါသတင်းထောက်ကို ယီကာတီရင်ဘာ့မြို့၌  ၂၀၂၃ ခုနှစ် မတ်လတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးချိန်တွင် အဆိုပါသတင်းထောက်၏ လက်ဝယ်၌ ရုရှားကာကွယ်ရေး စက်မှုလုပ်ငန်းတစ်ခုမှ  သတင်းအချက်အလက်များ ရှိနေသည်ဟု  ဗဟိုလုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အီဗန်ဂျာရှကိုဗစ်ကို သူလျှိုမှုဖြင့် ဖမ်းဆီးနိုင်ခြင်းသည်   စစ်အေးကာလနောက်ပိုင်း ရုရှားက   အမေရိကန်သတင်းထောက် တစ်ဦးကို သူလျှိုမှုဖြင့် ပထမဆုံး ဖမ်းဆီးမှုဖြစ်လာသည်။

ယခုကဲ့သို့သူလျှိုမှုဖြင့်  အဖမ်းခံရသည့် အမေရိကန်သတင်းထောက်ကို ထောင်ဒဏ် ၁၈ နှစ်အထိ ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုသော်လည်း   လုံခြုံမှုအမြင့်ဆုံးသော အကျဉ်းထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း တရားရုံးမှ တရားသူကြီးကပြောသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများက ၎င်းတို့၏သတင်းထောက်  ပြန်လွတ်ရေးအတွက် ကြိုးပမ်းရာတွင် သဘောတူညီချက် မရခဲ့သော်လည်း ရုရှားအစိုးရက အမေရိကန်နှင့်   အကျဉ်းသားလဲလှယ်မှု အစီအစဉ်တွင် ထိုသတင်းထောက်ကို ထည့်သွင်းပေးရန် စဉ်းစားထားကြောင်း  ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။