ဂျပန်နိုင်ငံက စံချိန်တင် အပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရ

 

ဂျပန်နိုင်ငံက စံချိန်တင် အပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရ

 

      ဂျပန်နိုင်ငံသည် ဇူလိုင်လ ၂၁ ရက်တွင် စံချိန်တင် အပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရကြောင်းသိရသည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းသားများအတွက် နွေရာသီ   အားလပ်ရက်စတင်ချိန်တွင် ကန်တိုဒေသမှ  အိုကီနာဝါဒေသအထိ အပူချိန် မြင့်တက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဒေသပေါင်း ၁၃၀ ကျော်တွင် အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ် ကျော်သည်အထိရောက်ရှိပြီး   ထိုအပူချိန်မြင့်တက်မှုသည် ၁၂ ရက်အတွင်း  ပထမဆုံးဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းအမြင့်ဆုံး အပူချိန်ရောက်ရှိသည့်မြို့မှာ ရှီဇူအိုကာမြို့ဖြစ်ပြီး အပူချိန် ၃၈ ဒသမ ၉ ဒီဂရီစင်တီဂရိတ်ရှိသည်။

၎င်းင်း၏ နောက်တွင် ဖူချူမြို့က အပူဆုံးဖြစ်ပြီး  ၃၈ ဒီဂရီစင်တီဂရိတ်ရှိသည်။

တိုကျိုမြို့တွင်မူ အပူချိန် ၃၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိသည်။

ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း၌    အပူချိန်မြင့်တက်မှု ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကာ ထိုသို့ အပူချိန်မြင့်တက်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အပူလျှပ်မှုနှင့် ရေဓာတ်ခန်းခြောက်မှုမရှိစေရေး အတွက်  သတိဖြင့်နေထိုင်သင့်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း အန္တရာယ်များသည့် အပူလှိုင်းသည် သြဂုတ်လနှင့် စက်တင်ဘာလအထိ ဆက်လက်ဖြစ်ပေါ်နိုင်မည်ဖြစ်ကာ လူများ၏ ကျန်းမာရေးအတွက်သာမက စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကိုပါ  ထိခိုက်စေနိုင်ကြောင်း ဂျပန်တာဝန်ရှိသူများက သတိပေးထားသည်။

Dates: 
Monday, July 22, 2024 - 13:55